BTS ကို ပိုပြီး အားပေးခဲ့ကြတဲ့ အမေရိကန် အဆိုတော်များ



တောင်ကိုရီးယားမှာ နာမည်ကြီးအဖွဲ့ဖြစ်တဲ့ BTS ဟာ  2015 နောက်ပိုင်းမှာ အောင်မြင်မူများက တစ်နှစ်နဲ့ တစ်နှစ် ရှိလာလို့ အခု 2018 မှာတော့ ပိုပြီးတော့  လိုက်မမှီနိုင်တဲ့ အဖွဲ့ုဖြစ်ခဲ့ပြီး အောင်မြင်မူတွေရရှိလာသလို  ကမ္ဘာက အသိမှတ်ပြုခံရတဲ့ Kpop အကောင်းဆုံးအဆိုတော် အဖွဲ့ဖြစ်လာခဲ့ပါတယ်။

အမေရိကန်မှာလဲ ဒိတ်ဒိတ်ကြဲဖြစ်နေကြပြီး သူတိုတစ်ယောက်ချင်းစီမှာ အရမ်းအဖိုးတန်တဲ့ အနုပညာအရည်ချင်းတွေရှိတာကြောင့် နာမည်ကြီး အဆိုတော်တွေကပါ ကိုယ်တိုင်အသိမှတ်ပြူအားပေးခံခဲ့ရပါတယ်။

Charlie Puth



“We don’t talk anymore” ဆိုတဲ့သီချင်းကို BTS အဖွဲ့ဝင် jungkookie က cover ဆိုခဲ့တဲ့ အချိန်က စပြီး အားပေးခဲ့တာဖြစ်ပါတယ်။ BTS နဲ့ collab လုပ်ချင်တဲ့အဆိုတော်လဲဖြစ်တယ် Jungkook ကိုလဲ အရည်ချင်းရှိပြီး ကြည်လင်တဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးလို့ချီးကျူးခဲ့ပါတယ်။

Shawn Mendes

သူကတော့ ဒိတ်ဒိတ်ကြဲ လူချောလေး shawn ပါ။ သူနဲ့ အသက်သိပ်မကွာလှတဲ့ BTS အဖွဲ့ဝင်တွေကို အရမ်းချစ်ပြီး သူငယ်ချင်းတွေလုပ်ကြဖို့လဲ ပြောခဲ့သူဖြစ်ပါတယ် AMAs live မှာ BTS performance ကို ကြည့်ပြီး အားကျခဲ့တဲ့ သူတစ်ယောက်ပါ အဖွဲ့ထဲမှာတော့ Jimin ကို အရမ်းသဘောကျတယ်လို ပြောခဲ့ပါတယ်။



Troye Sivan


BTS ကတော့ sivan ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်သလို BTS ကလဲ sivan ရဲ့ ပရိသတ်တစ်ယောက်ဘဲဖြစ်ခဲ့ပါတယ်။အချင်းချင်းလဲ အားပေးကြပြီး အတူတူလက်တွဲဖျော်ဖြေဖို့လဲ ကတိတည်ထားခဲ့သူုဖြစ်တယ်



Taylor swift

Taylor ကလဲ BTS ကို အားပေးတဲ့သူတစ်ယောက်ဖြစ်တယ် သူတိုဟာ တကယ်အရည်ချင်းရှိလို့ BBMAs ဆုကိုရတယ်လို့ ချီးကျူးခဲ့ပါတယ်။



Khalid


BTS ကို BBMAs မှာကတည်းက စသိခဲ့တာဖြစ်ပြီးတော့ သူဟာ BTS သီချင်းတွေကို ကြိုက်နှစ်သက်သူဖြစ်ခဲ့တယ် လက်တလောမှာတော့ BTS jimin ရဲ့ Serendipity သီချင်းကို အရမ်းနားထောင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်

Camila Cabello



Camila က BTS ကို စစတွေချင်းမှာဘဲ သူအရမ်းတွေ့ဖူးချင်တယ်ဆိုတာ ဝန်ခံခဲ့ပါတယ် BTS ခေါင်းဆောင်ဖြစ်တဲ့ RM ကလဲ camila သီချင်းတွေကို အရမ်းသဘောကျတယ်လိုပြောခဲ့တယ်



Chainsmokers

BTS နဲ့အတူတူ ဖျော်ဖြေခဲ့ကြပြီး ဆက်လက်ပြီးလဲ အတူ အနုပညာ အလုပ်တွေ လုပ်ကိုင်ဖို့ ရှိနေကြတယ်
BTS နဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေလဲဖြစ်ခဲ့ကြပါတယ်။



Nicki Minaj


နာမည်အကြီးဆုံး rapper အဆိုတော် niki က အခုဆို BTS နဲ့တောင် Song Collab လုပ်ခဲ့ပါပြီ ။ ဒီလို လက်တွဲ လုပ်ကိုင်ခဲ့တာ သူတိုအတွက် ပိုပြီးအောင်မြင်မူတွေ ရရှိခဲတယ် Niki ကလဲ BTS အတွက် ဝန်းရံပေးဖို အဆင်သင့်ပါဘဲ



BTS ကို အားပေးကြတဲ့ ကျန်အနုပညာရှင်တွေ များစွာရှိပါတယ် ဒါတွေကို ARMY တွေလဲ သိကြမှာပါ။
ကဲ Army လေးတွေအတွက်ကတော့ ဂုဏ်ယူကျေနပ်စရာသတင်းတွေပါဘဲ ရှေ့ဆက်ပြီးတော့လဲ ရပ်တည်နေနိုင်အုံးမှာပါနော်


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။