ရန်ကုန်နဲ့မန္တလေးမှာ လာရောက်ရိုက်ကူးဖိုရောက်ရှိလာတဲ့ Running Man နဲ့ SM Artist များ



အရမ်းကိုနာမည်ကြီးပြီး အားလုံးကကြိုက်နှစ်သက်အားပေးကြတဲ့ korea Variety show ဖြစ်တဲ့ Running Man အစီအစဉ်ကြီးကို မသိတဲ့လူတော့မရှိကြဖူးမလား
ကမ္ဘာအနှံပြားထိသွားပြီး သွားရောက် ရိုက်ကူးခဲ့ပြီး ကစားခဲ့တဲ့ Running Man ကတော့ အခုတစ်ခေါက်မှာ  မြန်မာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။



RM ရဲ့ PD နဲ့ VJ တို့က မြန်မာပြည်မှာ Mission တစ်ခုပြုလုပ်ဖို့ ဒီမနက်ကဘဲ ရန်ကုန်လေဆိပ်ကိုရောက်လာပြီး  တိတ်တဆိတ်လာရောက်လေ့လာခဲ့တယ်။ 



မြန်မာ Runner တွေ ပြောနေကြတာတော့အဖွဲ့ဝင် ယူဂျယ်ဆော့နဲ့ လီဂွမ်ဆူတိုရဲ့ VJ နှစ်ယောက်ဘဲ လာတယ်လို့ပြောကြတယ် အဲ့တော့ အထူးမစ်ရှင်းအနေနဲ့ ယူဂျယ်ဆော့နဲ့ ဂွမ်ဆူတို့ဘဲ လာကစားမယ်လို့ပြောနေကြပါတယ်။ Korea က SM ent ရဲ့ အနုပညာရှင်များလဲ လာဖို့ အစီစဉ်ရှိကြပါတယ်နော်။



သေချာတာတစ်ခုကတော့ ရန်ကုန်နဲ့ မန္တလေး နှစ်နေရာမှာ ရိုက်ကုူးဖို့ရှိတယ်ဆိုတာပါပဲ။ ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာက Runner တွေ အရမ်းကို ပျော်ရွင်ရပြီး အခွင့်ရေးကောင်းတစ်ခု ရောက်ရှိလာတာမို့ လေဆိပ်တွေမှာ စောင့်မျှော်ကြဖို့ မမေ့နဲ့နော်။
crd pics from owner

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။