အဆိုတော်ဖြိုးမြတ်အောင်ကို “ အလွန်ရှက်တတ်သော အဆိုတော်လေးလို့ ” ပြောလိုက်တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်

Myanmar Idol Season 3 Winner တစ်ဦးဖြစ်တဲ့ အဆိုတော် ဖြိုးမြတ်အောင်သည် အနုပညာလောကထဲတွင် ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသံနဲ့ ပရိတ်သတ်ရဲ့ နှလုံးသားကို ခူးစွတ်နိုင်ခဲ့တာမို့ ပြည်တွင်း၌သာမက ပြည်ပရောက် မြန်မာများပါမကျန် တခဲနက် အားပေးသဘောကျနှစ်သက်ခဲ့ခြင်း ခံရတဲ့ အဆိုတော်တစ်ဦးအဖြစ် ခိုင်ခိုင်မာမာရပ်တည်လာခဲ့ပါတယ်။ လတ်တလောမှာတော့ အဆိုတော် ဖြိုးမြတ်အောင်က ကြော်ငြာများကို ရိုက်ကူးနေပါပြီ။ အခုတင်ဆက်မှာကတော့  ပြက္ခဒိန်အတွက် ဓါတ်ပုံရိုက်ကူးနေချိန်မှာ ဖြိူးမြတ်အောင်ရဲ့ အမူအရာကြောင့်  “ သူနဲ့ ကျမက အသက်ရွယ်တူဆိုတာ ဒီနေ့မှ သိတော့တယ်၊ အလွန်ရှက်တတ်သော အဆိုတော်လေး ”လို့ ပြောလိုက်ကြောင်း သိရှိရပါတယ်။


Credit Photo - Poe Kyar Phyu Khin

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။