သူတို့တွေလည်း Britney Army တွေပါပဲနော်


ပြီးခဲ့တဲ့ ဇွန်လ ၂၃၊၂၄ ရက်နေ့က Pop ဘုရင်မကြီး၊ Grammy ဆုကြီးများပိုင်ရှင် Britney Spears ဟာ ပထမဦးဆုံးအကြိမ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ Impact Arena, Muang Thong Thani မှာ စည်ကားသိုက်မြိုက်တဲ့ Show ပွဲကြီးတစ်ခုကိုအောင်မြင်စွာ ဖျော်ဖြေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ Britney Army တချို့လည်း သွားရောက်အားပေးခဲ့ကြတဲ့ အပြင် ထိုထဲမှာမှ ပြည်သူ့အချစ်တော်တွေဖြစ်ကြတဲ့ အဆိုတော် Ar-T နဲ့ အဆိုတော် နန်းဆုရတီစိုး တို့ကလည်း ပျော်ရွှင်စွာ သွားရောက်အားပေးခဲ့တယ်လို့သိရပါတယ်။

Britney ထွက်လာတော့ ဒူးတွေ ဆက်ဆက် ဆက်ဆက်တုန်ပြီး မူးလာတာ။ ရင်ထဲမှာ ဆို့နေတာ ။ မူးပြီး မျက်လုံးတွေပြာသွားတယ်။ စိတ်ကိုမနည်းပြန်ထိန်းရတယ် ။ ချစ်လာရတာ အားပေးလာရတာ ၁၈ နှစ်ရှိပြီ Britney ရေ ။ ခု ရှေ့ဆုံးတန်းကနေ ကိုယ်ကြိုက်တဲ့ Idol နဲ့ ကိုယ်ကြိုက်တဲ့ Dancer တွေရဲ့ နာမည်တွေကို သူတို့ကြားအောင်အော်ခွင့်ရခဲ့တယ် ။ တကယ့် Britney Army စစ်စစ်တွေနဲ့ သီချင်းတိုင်းကို အသံကွဲအောင် အော်ခွင့်ဆိုရခဲ့တယ် ။ ၁နာရီကျော်စာ set list ကို ကြားထဲ မှာ အဝတ်လဲချိန် ၂ မိနစ် စီယူပြီး ဆက်တိုက်ဖျော်ဖြေသွားတာ လက်လန်တယ် ။ ပါးစပ်အဟောင်းသားနဲ့ အားပေးရတာမို့ video တောင်သိပ်မရိုက်ဖြစ်ဘူး ။ တစ်ဝကြီးကို လိုက်ကြည့်ပြီးအားပေးခဲ့တယ် ။ သူ့ဘဝ အတက်အကျ အနိမ့်အမြင့်တွေ၊ သူဒုက္ခရောက်နေတဲ့ ၂၀၀၇ ခုနှစ်ကဆို နေ့တိုင်း Paparazzi video တွေလိုက်ရှာပြီးကြည့် စိတ်ပူပေးခဲ့ရတယ်။ သူပြန်ကြိုစားပြီး ပြန်အောင်မြင်လာတော့လည်း ဝမ်းသာဂုဏ်ယူရတာအမော ။ ဘဝကို အရှုံးမပေးဖို့ အတုယူစရာတွေ သင်ပေးခဲ့တယ် ။ ဟူး ... ထပ်ဆုံချင်ပါသေးတယ် ။ လက်မှတ်ရအောင် ဝယ်ပေးတဲ့ FOREVER GROUP နဲ့ BEC MYANMAR ကိုဒီနေရာကနေ ကျေးဇူးအများကြီးတင်ပါတယ်။ ပွဲစပြီဆိုတာနဲ့ ကျနော့်နေရာ vip ခုံ ၅ တန်းမြောက်ကနေ ဘလိုလုပ်ပြီး ရှေ့ဆုံးထိပ်ဆုံးရောက်အောင် ခုန်ကျော်သွားလည်း မမှတ်မိတော့ဘူး ။ သူများခြေထောက်တွေပါ တက်နင်း ခုန်ခွပြီး ရှေ့ဆုံးကိုရောက်သွားတာ ။ am i dreaming ? I love u Britney ...” ဟု အဆိုတော် Ar-T ရဲ့ Facebook ပေါ်မှာ သူ့ Fans တွေအတွက် ဖော်ပြရေးသားထားပါတယ်။



Sources – Ar-T & Nan Su Yati Soe