မျက်မှန်ထက် မျက်ကပ်မှန်က ပိုသင့်လျော်တဲ့ အချက် (၅) ချက်…။

     မျက်လုံးအားမကောင်းလို့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မျက်မှန်တပ်နေရတဲ့သူတွေအတွက် တစ်ခါတစ်လေမှာ စိတ်ပျက်စရာလေးတွေနဲ့ ကြုံရတတ်ပါတယ်…။ မျက်မှန်တပ်လိုက်တော့ ကိုယ့်ရဲ့အလှအပတွေကိုလည်း ပျောက်ကွယ်သွားသလိုခံစားရစေပါတယ်…။ ဘာလို့လည်းဆိုတော့ ကိုယ်ကဘယ်လောက်ပဲမိတ်ကပ်တွေကို လှအောင်ပြင်ထားပါစေ၊ မျက်လုံးလေးတွေကို Eye Shadow တွေဘယ်လောက်ကောင်းအောင် ခြယ်ထားပါစေ၊ ပြင်ဆင်ပြီးသွားလို့ မျက်မှန်တပ်လိုက်တဲ့အခါမှာ ဒီရုပ်ကဒီရုပ်ပဲလို့ ပြန်ခံစားရစေပါတယ်…။ ဒါကိုလည်း မျက်မှန်တပ်ဖူးတဲ့ မိန်းကလေးတွေပဲသိပါလိမ့်မယ်နော်…။ ဒီတော့ မျက်ကပ်မှန်ပြောင်းတပ်ရင်ရော…။ မျက်ကပ်မှန်တပ်လိုက်ရင် ဘာတွေကွာခြားသွားမလဲ…။ အားသာချက် ဘာတွေများရှိသွားမလဲ…။

(၁) မျက်ကပ်မှန်ပဲတပ်တာဖြစ်တဲ့အတွက်ကြောင့် သင့်အနေနဲ့မိတ်ကပ်တွေလိမ်းမယ်ဆိုလည်း မျက်လုံးအလှလေးကပေါ်နေမှာပါနော်…။ ဒါမှလည်း Eyeshadow ခြယ်တာတွေ…။ eyeliner ဆွဲတာတွေကလှပသေသပ်ပြီး ကို်ယ်ပြင်ထားတာတွေက အချိန်ကုန်ရကျိုးနပ်ပြီး လှပနေမှာပါနော်…။

(၂) မျက်ကပ်မှန်တပ်ပြီး ပြေးတဲ့အခါကျတော့ မျက်မှန်တပ်တုန်းကလို အောက်ကိုလျောကျမနေတော့ဘူးပေါ့…။ ဒါကတော့ မျက်မှန်တပ်တဲ့သူတွေတိုင်း ဒီခံစားချက်ကိုသိပါတယ်နော်…။ ကိုယ်ကအရေးကြီးနေလို့ပြေးပါတယ်ဆိုမှ မျက်မှန်ကလျောကျနေတော့ ဘယ်လိုလုပ်ကျမလဲနော်…။ မျက်မှန်ချွတ်ပြေးလို့လည်းမရနဲ့…။

(၃) မျက်မှန်ကို အရင်လိုနှာခေါင်းပေါ်ကနေလျှောမကျအောင် လက်နဲ့တွန်းတင်စရာမလိုတော့ဘူးနော်…။ မျက်မှန်တပ်ထားတဲ့ခါကျရင် မျက်မှန်ကတစ်ခါတစ်လေမှာ နှာခေါင်းရိုးပေါ်ကနေလျှောကျသွားတတ်ပါတယ်…။ အဲဒီခါကျရင် မျက်မှန်ကိုလက်နဲ့ ပြန်ပြန်တွန်းတင်နေရတတ်ပါတယ်…။ ဒီလိုအခါမှာ မျက်ကပ်တပ်ထားရင်ကျတော့ အားသာချက်တွေအများကြီးရှိပါတယ်နော်…။ ပြေးချင်သလောက်ပြေး…။ ကျွမ်းထိုးလို့လည်းရတယ်…။

(၄) မျက်မှန်တပ်တုန်းကလို မျက်မှန်မှာလက်ရာတွေထင်သွားပြီး ပြန်ပြန်သုတ်နေရတဲ့ အခက်အခဲတွေလည်းမရှိတော့ဘူးပေါ့နော်…။ တစ်ခါတစ်လေးမှာ သတိလက်လွတ်နဲ့ မျက်မှန်ကိုလက်နဲ့ထိမိသွားတဲ့အခါမှာ မျက်မှန်မှာလက်ရာတွေထင်သွားတော့ ကြည့်ရတာဝါးနေတာကြောင့် အဝတ်လေးနဲ့ပြန်ပြန်သုတ်ပေးနေရတာကြောင့် အလုပ်လည်းရှုပ်တယ်လေနော်…။ ဒီလိုအချိန်ဆို မျက်ကပ်မှန်လေးက အဆင်ပြေတာပေါ့…။

(၅) နောက်ဆုံးတစ်ချက်ကတော့ အဓိကပဲ…။ ဓာတ်ပုံရိုက်တဲ့အချိန်ဆိုရင် မျက်မှန်နဲ့ဆိုတော့အလင်းပြန်ပြီး ဓာတ်ပုံထဲမှာမလှပနေဘူးလေ…။ ဒီတော့ မျက်ကပ်မှန်လေးနဲ့ဆိုတော့ ဓာတ်ပုံရိုက်လည်း မလှမှာ စိတ်ပူစရာမလိုတော့ပဲ ပိုပြီးလို့တောင်လှနေမှာပါနော်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။