အလင်းရောင် နဲ့ မေ တို့ ချစ်သူတွေ ဖြစ်နေကြပြီလား

မိန်းကလေးတွေရဲ့ အသည်းစွဲ  အဆိုတော်သရုပ်ဆောင်မင်းသားချော တစ်ဦးဖြစ်တဲ့ အလင်းရောင် ရဲ့ဓာတ်ပုံတစ်ပုံဟာ ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အားလုံးက အံသြခဲ့ကြရပါတယ်...

ဒီဓာတ်ပုံကတော့ မနေ့က BKK က Chang Carnival presents Waterzonic ဆိုတဲ့2018 ပွဲ မှာဖြစ်ပြီး အလင်းရောင်နဲ့အတူ မင်းသမီး မေတို့ အတူတူ ဖက်ပြီး ရိုက်ထားတဲ့ ပုံပဲ ဖြစ်ပါတယ်...

Caption မှာတော့ နောက်ဆုံးတော့သူရောက်လာရပြီလေ ဆိုပြီး ချစ်စနိုးနဲ့ ရေးထားတာကို တွေ့ရပြီး ပုံကိုကြည့်ခြင်းအားဖြင့် အားလုံးက ချစ်သူတွေလားလို့ ယူဆနေကြပါတယ်...

မေဟာ လက်ရှိရုံတင်နေတဲ့ ချုဆီ ရုပ်ရှင်မှာ ပါဝင်ထားတဲ့ မင်းသမီး တစ်လက်ဖြစ်ပြီး ဒီရုပ်ရှင် promotion တွေနဲ့ မအားလပ်တဲ့ကြားက Bkk က အလင်းရောင်ဆီ အရောက်သွားခဲ့ပြီး အတူတူပျော်ခဲ့ကြတယ်ဆိုတော့ ဒါဟာ သူငယ်ချင်း အဆင့်ထက်ပိုနေကြတဲ့ ဆက်ဆံရေး တစ်ခုလားဆိုတာ စဉ်းစားစရာပါပဲနော်...

ကဲ ပရိသတ်ကြီးရော သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေပြီလို့ ထင်လားပြောပါဦး ?

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။