မိန်းကလေးတွေ တွဲစရာ ဘဲမရှိပဲ အမြဲတမ်း FA ဘွမှာတစ်နေရတဲ့ အဓိကအကြောင်းရင်း

ဒီအကြောင်းကို ပြည့်ပြည့်စုံစုံပြောရမယ်ဆိုရင်တော့ဖြင့် ..
အဓိကအချက်က ( ၂ ) ချက်ပဲရှိတယ်။
ဆိုလိုရင်းမရောက်ခင် ပုံပြင်လေးနဲ့စလိုက်ရအောင် ပရိသတ်ရေ ..

လျှာရှည်ပြီး စပ်စုလွန်းလို့ယောကျာ်းနဲ့လွဲသူများ

တစ်ခါက တာဝတိံသာမှာ နတ်သမီးတစ်ထောင်ဟာ နတ်သားအလာကို နှစ်များစွာစောင့်နေသော်လည်း ရောက်မလာသဖြင့် သိကြားမင်းဦးမာဃထံ သွားမေးကြတဲ့အခါသိကြားမင်းဦးမာဃလည်း ဒိဗ္ဗစက္ခုနဲ့ကြည့်လိုက်တော့
နောက်ထပ်( ၇ )ရက်မြောက်မှာ လူ့ဘဝက သေဆုံးပြီး နတ်သားဖြစ်လာ့မယ့် လေဖြတ်နေတဲ့ ကပ္ပိယကြီးရောက်လာမယ့်ဆိုတော့၊နတ်သမီးတွေဟာ သူတို့ဆီလာမယ့် နတ်သားဖြစ်သူကို စပ်စပ်စုစု လူ့ပြည်သွားပြီး အမြန်လာဖို့ သွားပြောကြသတဲ့။

ကပ္ပိယကြီးက သူ့မှာလေဖြတ်နေတာ ဘာကုသိုလ်ကြောင့် နတ်သားဖြစ်မှာလဲမေးတော့ နတ်သမီးတွေက ပြောပြကြတယ်။ လေဖြတ်ပြီး ဖင်ဒရွတ်ဆွဲ သွားတဲ့အခါ လမ်းက အမှိုက်တွေ မြက်တွေရှင်းနေပြီး ထိုနေရာပေါ်မှာ ရဟန်းသံဃာတွေ သွားလာရ အဆင်ပြေချောမွေ့တယ်၊ ဒီဇကုသိုလ်ကြောင့် နတ်ပြည်မှာ နတ်သားဖြစ်မယ်ပြောတော့ကပ္ပိယကြီးကစဉ်းစားတယ်။

ဒီကုသိုလ်လေးကတောင် တာဝတိံသာထိပို့ပေးပါလားဆိုပြီး ဝမ်းသာအားရ နဲ့ ဘေးနားက မြက်ပင်တွေကို လက်လှမ်းမှီသလောက် နှုတ်ပြီး ကုသိုလ်ပြုသတဲ့။ အဲ့ဒီမှာ ကုသိုလ်တရားတွေ ပိုများပြီးကပ္ပိယကြီးဟာ (၇)ရက်ပြည့်လို့သေတော့
တာဝတိံသာ နတ်ပြည်ကိုကျော်ပြီးတာဝတိံ သာထက်မြင့်တဲ့ ဗြဟ္မာ့ပြည်ကို ရောက်သွားသတဲ့။ ( ဗြဟ္မာပြည်တွင် ကာမဂုဏ်ခံစားတာတွေဘာတွေမရှိ .. မှတ်ကြလေ ..။ )

လျှာရှည်ပြီး သတင်းသွားမေးမိတဲ့နတ်သမီးတစ်ထောင်တော့ ကံမကောင်းစွာပဲ နတ်သားမရှိတဲ့ ဘဝမှာ အထီးကျန်အဖြစ်နဲ့ အပျိုကြီးဘဝနဲ့ နိဂုံးချုပ်လိုက်ကြရသတဲ့။

အဲ့ဒါကြောင့်နေရာတကာ ပါပြီး စပ်စုတဲ့သူတွေ လျှာရှည်တဲ့သူတွေဟာ အခွင့်ရေးတွေ နဲ့ လွဲချော်တတ်ပါတယ်ဆိုတာ မှတ်ကြပါကုန်လော့
ဒါကြောင့် faမဖြစ်လို အပျိုကြီး မဖြစ်လိုရင် နေရာတကာ ပါတာတွေ စပ်စပ်စုစုလုပ်တာတွေ လျှော့ကြပါလို့ ။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။