စင်ကာပူနိုင်ငံတွင် iPhone XS နှင့် XS Max ဖုန်းဝယ်ယူရန် စောင့်ဆိုင်းနေကျသူများအား Huawei မှ Power Bank များ ပေးဝေခဲ့

ရန်ကုန်၊ မြန်မာ - ၂၁ ရက် ၊ စက်တင်ဘာလ ၊ ၂၀၁၈ ခုနှစ် - Apple မှ ဈေးကွက်ထဲသို့ တရားဝင်ရောင်းချမည့်ရက် မတိုင်ခင် ၁ ရက်အလိုဖြစ်သည့် စက်တင်ဘာလ ၂၀ ရက်နေ့ တွင် Singapore Apple Store အပြင်ဘက်၌ စောင့်ဆိုင်းနေကြသည့် ရာပေါင်းများစွာသော သုံးစွဲသူတို့အား Huawei အဖွဲ့ဝင်များမှ ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် 10,000 mAh ရှိသည့် Powerbank များ ပေးဝေခဲ့သည်။

Powerbank ပေါင်း ၂၀၀ ကျော် ပေးဝေခဲ့ပြီး အဆိုပါ Powerbank ၏ တန်ဖိုးမှာ Singapore Dollar 98 တန်ဖိုး ဝန်းကျင်ရှိသည်။ သုံးစွဲသူအများအပြားမှ ရုတ်တရက် အံ့သြခဲ့ပြီး ခဏအကြာတွင် powerbank ပေးဝေမှှု အား ဝမ်းသာစွာ လက်ခံခဲ့ကြကြောင်းကိုလည်း သိရှိခဲ့ရသည်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။