ရွှေမှုံကိုလွမ်းပြီးငိုနေတဲ့ရွှေထူး ( သို့ ) ၂၁ ရာစုရဲ့ အရိုနိုင်ဆုံး ရွှေစုံတွဲ

နိုင်ငံကျော် အဆိုတော်ရွှေထူး နဲ့ နိုင်ငံကျော်မင်းသမီး ရွှေမှုံတို့ရဲ့ အချစ်ခရီးဟာ အခုဆိုရင် Anniversary တစ်ခုကိုတောင်ကျော်ဖြတ်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် အချစ်စစ်မှန်ရင် ဖြောင့်ဖြူးခြင်းမရှိဆိုတဲ့အတိုင်း ရွှေထူးကခြောက်နှစ်ကျော် သူ့ဘေးနားမှာ သစ္စာရှိရှိနေပေးခဲ့တဲ့ မိန်းကလေးကိုဖြတ်ပြီး ရွှေမှုံနဲ့တွဲခဲ့တာဆိုတော့ သိတဲ့အတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်တွေမေတ္တာပို့တာကို ရွှေစုံတွဲတော်တော်လေးခံခဲ့ရတာပါ။

အခုတော့လည်းသူတို့တွေအတော်လေးတည်ငြိမ်နေတာတွေ့ရတယ်။ နှစ်ယောက်သား ဘယ်သွားသွားတူတူဖြစ်သလို တစ်လောကလည်း ရွှေမှုံ ဝေဖာစားချင်တယ်ဆိုလို့ ရွှေထူးတစ်ယောက်အချိန်မတော်ထွက်ဝယ်ပေးရသေးတာလား … ပြီးခဲ့တဲ့ ရွှေထူးအသက် ၂၆ နှစ်မွေးနေ့တုန်းကလည်း ရွှေမှုံကရှိသမျှအလုပ်တွေအကုန်ဖျက်ပြီး ရွှေထူးအနားမှာရှိနေပေးတဲ့အပြင် သိန်း ၁၃၀ ကျော်တန်ဖိုးရှိတဲ့လက်ဆောင်တွေပါဝယ်ပေးခဲ့တာ။ ရွှေထူးကလည်း ချစ်သူကိုချစ်လွန်းလို့ ဈေးအတူတူဝယ်တာ၊ ရေစိမ်ရင်လိုက်စိမ်တာနဲ့ ဘယ်လောက်ချစ်ကြောင်းတွေပြတာပေါ့။

အဲ့လို ရေအစိမ်ကောင်းလို့လားတော့မသိ .. ရွှေထူးတစ်ယောက်ဖျားပြီး ဆေးရုံရောက်ရော။ ပရိသတ်တစ်ချို့ကတော့ ရွှေထူးတစ်ယောက် ရွှေမှုံနဲ့တွဲပြီးနောက်ပိုင်း ရေစိမ်လိုက် ဆေးရုံတက်လိုက်နဲ့ ရွှေမှုံရဲ့အမွေဆက်ခံတယ်လို့ပြောကြတယ်။ ဆေးရုံတက်နေရတဲ့ ရွှေထူးတစ်ယောက် သူမကိုလွမ်းပြီး ငိုနေတဲ့ပုံရယ်၊ ရွှေထူးနေမကောင်းရင် နေမထိထိုင်မသာဖြစ်ရတဲ့အကြောင်းကို ရွှေမှုံက သူမရဲ့ My Day မှာတင်ခဲ့ပါတယ်။
ရွှေမှုံကတော့ ရွှေထူးငိုနေတဲ့ဓာတ်ပုံမှာ “ My boo, awwwn, He’s crying Because he miss me so much ” ဆိုပြီး အင်္ဂလိပ်လိုပီပီသသကြီးရေးထားပြီး နောက်တစ်ပုံမှာတော့ “ သူနေမကောင်းရင် ငါ့မှာဆပ်ပြာသည်လင်ပျောက်သလိုပဲ .. ပျာယာကိုခတ်လို့ “ ဆိုပြီးရေးသားထားပါတယ်။

ဘယ်လိုလဲ .. ကိုယ်နေမကောင်းရင်ရော ဆပ်ပြာသည်လင်ပျောက်သလို စိတ်ပူပေးမယ့်ချစ်သူရှိလား ပြောသွားခဲ့ကြပါဦး ….

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။