အသားမာတက်တာ ပျောက်ဖို့ နည်းလမ်း (၂) ခု

လက်တွေခြေထောက်တွေမှာ အသားမာ အတက်များကြပါတယ်။ အသားမာတက်ပြီ ဆိုရင် ကြမ်းကြမ်းကြီးနဲ့ မာမာကြီးဖြစ်နေတဲ့ အတွက်ကြည့်လို့လည်း မကောင်းပါဘူး။ အထူးသဖြင့်မိန်းကလေးအများစုမှာ ဖြစ်ကြတာပါ။ ပြောရရင်ဖိနပ်အသစ်ဝယ်စီးတဲ့အခါတွေမှာ ဖိနပ်ပေါက်တာတို့ ဖိနပ်ပေါက်ရင်းနဲ့မှ ဖိနပ်ကြိုးနေရာက မာနေလို့အသားပေါ် ဖိမိတဲ့အခါတွေမှာလည်း အသားမာတက်လေ့ရှိပါတယ်။ အသားမာတက်တာကို ပျောက်အောင်ကုသဖို့က အချိန်ကြာမြင့်ပါတယ်။ ဒါပေမယ့်လည်း စိုးရိမ်စရာမရှိပါဘူး။ အိမ်မှာရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ အသားမာပျောက်အောင် ကုသလို့ရပါတယ်။

(၁)  လတ်ဆတ်သော ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ထောင်းပြီး အသားမာပေါ်မှာ ညတိုင်းလိမ်းပေးနိုင်ပါ။ ပြီးရင်အပေါ်ကနေ သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်စလေးနဲ့ပတ်ပေးပါ။ ဒါပေမယ့် အသားမာတက်တဲ့ နေရာက အဝတ်၊ ပတ်တီးတို့နဲ့ စည်းထားဖို့က အဆင်မပြေဘူးဆိုရင် ကြက်သွန်ဖြူ ထောင်းထားတာကို အိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးပြီး မနက်အိပ်ရာထမှ ရေနဲ့ဆေးပြီး ကုသလို့လည်းရပါတယ်။

(၂)  အာလူး

အားလူးကိုနှစ်ခြမ်းခြမ်းပြီး အသားမာပေါ်မှာနာနာပွတ်တိုက်ပြီး လိမ်းပေးပါ။ ပြီးရင် သန့်ရှင်းတဲ့ သဲခြောက်တွေကို အသားမာခြောက်အောင် အပေါ်ကနေ ဖို့ထားပေးပါ။ တကယ်လို့ သဲခြောက်မရှိရင်လည်း အားလူးနဲ့သာ နာနာပွတ်တိုက်ပေးပါ။ သဲခြောက်ရှိရင်တော့ ပိုကောင်းတာပေါ့နော်။ အသားမာ လုံးဝပျောက်ချင်ရင် အခုပြောတဲ့ နည်းလမ်းလေးကို တစ်ပတ်ခန့် ပုံမှန်လုပ်ပေးပါက အသားမာကို သိသိသာသာ ပျောက်ကင်းစေပါတယ်။

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။