မနက်ပိုင်းဆို လူများတဲ့ တာမွေမှာ ရွှေဆွဲကြိုးလုပြေးမှုတစ်ခုဖြစ်ပွား

ခုတလောခိုးဆိုးလုနှိုက်တွေ ပေါများပြီး နေရာဒေသ၊ အချိန်နေရာမရွေးတော့ပဲ လုယက်မှု၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားလျှက်ရှိပါတယ်။ ဘယ်နေရာကို သွားသွားစိတ်မချရဘူး။ သေနတ်နဲ့ ပစ်ခတ်မှုတွေ၊ ကားပေါ်က ဆွဲချပြီး တိုက်ခိုက်တာတွေ၊ Taxi သမားကို ဓားနဲ့ ထောက်ပြီး ပိုက်ဆံလုတာတွေ၊ Taxi သမားရဲ့ ယုတ်မာမှုတွေက ဒီရက်ပိုင်းအတွင်းမှာ မကြာမကြာဖြစ်ပွားနေပါတယ်။ 

စက်တင်ဘာ (၂၇)ရက်နေ့ မနက်(၈)နာရီအချိန်က တာမွေမြို့နယ်၊ (၁၆၄)လမ်းထိပ်မှာ ကလေးကျောင်းပို့ပြီးပြန်လာတဲ့ အမျိုးသမီးကို ဆိုင်ကယ်တစ်စီးမှ (၁)ကျပ်သားရွှေဆွဲကြိုးအား လုပြေးသွားကြောင်းသိရပါတယ်။ ဆိုင်ကယ်သမားမှ အနားနားကပ်ပြီး ဖြတ်ခနဲ လုပြေးသဖြင့် အဆိုပါ အမျိုးသမီးမှ ဘေးပတ်ဝန်းကျင်ရှိ လူတွေကို အော်ဟစ်အကူအညီတောင်းပေမယ့် မည်သူကမှ မကူညီခဲ့ဘူးလို့လဲ သိရပါတယ်။ ဒါကအလွန်ဆိုးဝါးပါတယ်။ ကိုယ့်မျက်စိရှေ့မှာဖြစ်လာတဲ့ လုယက်မှုကို လက်ပိုက်ကြည့်နေတာမကောင်းပါဘူး။ သူ့နေရာမှာ ကိုယ်ဆိုရင်လဲ ဘယ်လိုလုပ်မလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတော့ ရှိစေချင်ပါတယ်။

Crd Video; Sanay Tun

Video File ကြည့်ရန် Link

https://www.facebook.com/sanay.tun.562/videos/302279980600095/

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။