စားတဲ့အချိန်ပေါ်မူတည်ပြီး အာနိသင်ပြောင်းတဲ့ အစားအစာ(၆)မျိုး။

အစားအသောက်တွေကို အချိန်မရွေးစားချင်သလို မစားသင့်ကြောင်း နဲ့ စားတဲ့အချိန်ပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုကွာခြားသွားနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်…။ ဒါလေးတွေဖတ်ပြီး ရှောင်သင့်တာ ရှောင်ကြည့်ရအောင်နော်…။

(၁) ဒိန်ချဉ်ကို ညဘက်မှာစားလျှင် အစာကြေစေပြီး အစာမရှိဘဲ မနက်ပိုင်းစားမိရင်တော့ အစာအိမ်အချဉ်ပေါက် တတ်ပါတယ်…။

(၂)  ငှက်ပျောသီးကိုတော့ နေ့လည်စားလျှင်အသားအရေလှစေပြီး ကိုယ်ခံအားကောင်းစေပါတယ်…။ ညဘက်စားမိရင်တော့ အစာမကြေဖြစ်ပြီး ချွဲထစေပါတယ်…။

(၃) ပန်းသီးကို မနက်စာလိုစားလျှင် ဆီးချိုကျစေပြီး ညစာလိုစားမိလျှင်တော့ အစာအိမ်ကို အချဉ်ဓာတ်များစေပါတယ်…။

(၄) ထမင်းကို နေ့လည်မှာစားလျှင် တစ်နေကုန်အတွက် စွမ်းအင်ရရှိစေပြီး၊ ညဘက်မှ စားမယ်ဆိုရင်တော့ အဆီပိုဖြစ်ပြီး ဝိတ်တက်လာစေပါတယ်…။

(၅) ခရမ်းချဉ်သီးကိုတော့ ညဘက်မှာစားလျှင် အစာအိမ်တောင့်တင်းပြီး မအီမသာဖြစ်စေပါတယ်…။

(၆) အာလူးကို မနက်စာလိုစားလျှင် ကိုလက်စထရောကျစေပြီး ညစာအဖြစ်စားမယ်ဆိုရင်တော့ ကယ်လိုရီများပြီး ဝစေပါတယ်…။

သို့ပေမယ့်လည်း အသီးအနှံများများစားခြင်းက အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်…။

“မနက်ငှက်ပျော၊ ညသင်္ဘော” ဆိုတဲ့အတိုင်း ထမင်းစားပြီး အချိုပွဲအနေနဲ့ ဒီအသီးနှစ်မျိုးကို ပုံမှန်စားပေးသင့်ပါတယ်…။ သင်္ဘောသီးကို ညဘက်မှာစားရင် နောက်နေ့မှာ ဝမ်းကောင်းပြီး ဆီးဝမ်းသွေးလေ ညီညွတ်စေပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။