မျက်လုံးအလှဆုံးအမျိုးသမီး (၁၀) ယောက်

နိုင်ငံတကာက မျက်လုံးလှတဲ့ အမျိုးသမီးတွေထဲကမှ အလှဆုံးအဖြစ်နဲ့ ရွေးချယ်ခံထားရတဲ့ အမျိိုးသမီး (၁၀) ယောက်ရှိပါတယ်။ ရွေးချယ်ခံထားရတဲ့ (၁၀) ယောက်ထဲမှာတော့ ကျွန်မတို့ မသိတဲ့၊ မရင်းနှီးတဲ့ သူတွေလည်းပါပါတယ်။ ဒီတော့ သူတို့က ဘယ်သူတွေလဲ၊ ဘယ်လောက်တောင်လှတဲ့ မျက်ဝန်းလေးတွေကို ပိုင်ဆိုင်ထားလဲဆိုတာကို ကြည့်လိုက်ကြရအောင်...။

1. Aishwarya Rai

အသက် (၄၃) နှစ် ရှိပြီဖြစ်တဲ့သူမက မျက်လုံးအလှဆုံး အမျိုးသမီးစာရင်းရဲ့ နံပါတ် (၁) နေရာမှာ ဦးဆောင်ရပ်တည်နေတဲ့သူပါ။ သူမက အိန္ဒိယ သရုပ်ဆောင်၊ မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့အပြင် Miss World pageant 1994 ရဲ့ winner တစ်ယောက်ပါ။

2. Angelina Jolie

အားလုံးသိတဲ့ Jolie ကတော့ နိုင်ငံကျော် အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့အပြင် လူသားတွေရဲ့ အကျိုးကို ဆောင်ရွက်နေတဲ့သူတစ်ယောက်ပါ။ Jolie က နှုတ်ခမ်းလှတာတင်မကဘူး။ မျက်လုံးအလှဆုံးအမျိုးသမီးအဖြစ်နဲ့ပါ နံပါတ် (၂) နေရာမှာ ရောက်ရှိနေတာပါ။ အခုဆိုရင်တော့ သူမရဲ့အသက်က (၄၂) နှစ်ဖြစ်နေပါပြီ။

3. Megan Fox

သူမကတော့ နိုင်ငံကျော် အမေရိကန် သရုပ်ဆောင်၊ မော်ဒယ်တစ်ဦးပါ။ အသက် (၃၁) နှစ်ရှိပြီဖြစ်တဲ့ Megan Fox ဟာဆိုရင်တော့ မျက်လုံးအလှဆုံးအမျိုးသမီးအဖြစ်နဲ့ နံပါတ် (၃) နေရာမှာ ရပ်တည်နေတဲ့သူပါ။

4. Kristen Stewart

ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သူမကလည်း အမေရိကန် သရုပ်ဆောင်၊ မော်ဒယ်လ် တစ်ဦးပါ။ အသက် (၂၇) နှစ် ရှိနေပြီဖြစ်တဲ့သူမက မျက်လုံးအလှဆုံးအမျိုးသမီးတွေထဲမာှ နံပါတ် (၄) နေရာ ရောက်ရှိနေတဲ့သူပါ။

5. Elizabeth Taylor

သူမကတော့ ဗြိတိန်-အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ဒါရိုက်တာနဲ့ လုပ်ငန်းရှင်အမျိုးသမီး တစ်ယောက်ပါ။ သူမက (၁၉၅၀) လောက်မှာတော့ classical Hollywood cinema star အဖြစ်နဲ့ အရမ်းကို ပေါ်ပြူလာဖြစ်တဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ (၂၀၁၁) ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှာတော့ သူမကကွယ်လွန်သွားခဲ့ပါတယ်။

6. Giada De Laurentiis

Giada De Laurentiis ဟာဆိုရင် အမေရိကန်စားဖိုမှှုး၊ စာရေးဆရာမနဲ့ television personality လုပ်တဲ့သူတစ်ယောက်ပါ။ အသက် (၄၆) နှစ် ရှိပြီဖြစ်တဲ့ သူမကတော့ မျက်လုံးအလှဆုံးစာရင်းတွေထဲမှာ နံပါတ် (၆) နေရာကို ရောက်ရှိနေတဲ့သူပါ။

7. Kristin Kreuk

သူမကတော့ ကနေဒါ သရုပ်ဆောင်တစ်ယောက်ပါ။ အသက် (၃၄) နှစ် ရှိနေပြီဖြစ်တဲ့သူမကတော့ မျက်လုံးအလှဆုံး အမျိုးသမီးစာရင်းမှာ နံပါတ် (၇) နေရာ ရောက်ရှိနေပါတယ်။

8. Celina Jaitley

သူမကတော့ အိန္ဒိယ သရုပ်ဆောင်၊ မော်ဒယ်လ်တစ်ယောက် ဖြစ်တဲ့အပြင် Miss India 2001 မှာ အနိုင်ရရှိခဲ့ပြီး၊ Miss Universe 2001 မှာတော့ 4th runner-up ဆုကို ရရှိခဲ့တဲ့သူပါ။ ဒါ့အပြင် သူမက မျက်လုံးအလှဆုံး အမျိုးသမီးစာရင်းမှာ နံပါတ် (၈) နေရာကို ရောက်ရှိနေပါတယ်။

9. Milla Jovovich

အမေရိကန် သရုပ်ဆောင်၊ မော်ဒယ်လ် အပြင် ဂီတပညာရှင်လည်းဖြစ်တဲ့ သူမက အခုဆိုရင်တော့ အသက် (၄၁) နှစ် ရှိနေပါပြီ။ ဒါပေမဲ့ သူမက မျက်လုံးအလှဆုံး အမျိုးသမီးစာရင်းမှာ ပါဝင်နေပြီး နံပါတ် (၉) နေရာမှာ ရောက်ရှိနေသူပါ။

10. Charlize Theron

သူမကတော့ တောင်အာဖရိက/ အမေရိကန် သရုပ်ဆောင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ပါ။ အသက် (၄၁) နှစ် ရှိနေပြီဖြစ်တဲ့ သူမက မျက်လုံးအလှဆုံးအမျိုးသမီးစာရင်းရဲ့ နံပါတ် (၁၀) နေရာကို ရရှိထားတဲ့သူပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။