နောက်ဆုံးအချိန်မတိုင်ခင်လေးမှာရိုက်ယူခဲ့တဲ့ ဓာတ်ပုံများ

သေခြင်းတရားဆိုတာ နေရာတိုင်းမှာရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ယုံကြည်ဖို့ခက်ခဲကြတယ်။ ဘာကြောင့်ခက်ခဲသလဲဆိုရင် နေ့ရက်တိုင်းကို ပျော်ရွှင်မှုတွေ၊ စိတ်ဆိုးဒေါသတွေ၊ ပူပန်မှုတွေ၊ စိတ်ချမ်းသာမှုတွေနဲ့ ခံစားရင်းဖြတ်သန်းနေကြတဲ့အတွက် သေခြင်းတရား ကိုတစ်ခါတစ်လေမှာ မေ့လျော့နေတတ်တယ်။

လက်ခံလိုက်ပါ .. ကျွန်တော်ပြောတဲ့အတိုင်းပဲ ဖြစ်နေတယ်မို့လား ..

သေခြင်း ဆိုတာ ကျွန်တော်တို့နားမှာ အမြဲတမ်းတရစ်ဝဲဝဲနေတယ်တယ် ဆိုတာ ဒီပုံလေးတွေကြည့်ရင် ရှင်းသွားပါလိမ့်မယ်။

( ၁ ) ရှီနီယာ အစ်ဂ်နာတီဗာ ဆိုတဲ့ ၁၇ နှစ်အရွယ်ရုရှားသူလေးဟာ သူများတွေထက်ထူးပြီး အန္တရာယ်များတဲ့အခြေအနေတွေမှာ ဆယ်လ်ဖီရိုက်ရတာကိုနှစ်သက်သူပါ။ ပုံထဲမှာတော့ သူမဟာ မြေပေါ်ကနေ ၂၈ ပေအမြင့်ရှိတဲ့ တံတားတစ်ခုရဲ့ အစွန်းမှာရပ်ပြီး ရိုက်ထားတဲ့ဓာတ်ပုံပါ။ အဲ့ဒီနောက်သူမဟာခြေချော်ပြီး အောက်က ဓာတ်ကြိုးပေါ်ပြုတ်ကျရာကနေ ဓာတ်လိုက်သေဆုံးခဲ့တယ်။

( ၂ )  ဒီဓာတ်ပုံရိုက်ပြီး မိနစ်အနည်းငယ်အကြာမှာတော့ အမေရိကန်လူမျိုးသရုပ်ဆောင် မာဗင် ( အလယ်ပုံ ) ဟာ ဇာတ်ဝင်ခန်းတစ်ခုမှာ သေနတ်နဲ့မျက်နှာကိုမတော်တဆပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

( ၃ ) ဒုတိယကမ္ဘာစစ်အတွင်းက ဖမ်းမိတဲ့သုံ့ပန်းတစ်ချို့ကို ဂျပန်စစ်ဗိုလ်တွေက ခေါင်းဖြတ်ပြီး ကွပ်မျက်တဲ့ဓလေ့ရှိခဲ့ဖူးတယ်။ သြစတေးလျလူမျိုးစစ်သည်ဖြစ်တဲ့ လီယိုနာ့ဒ်ဆစ်ဖလိဒ် ကို ဂျပန်တော်ဝင်ရေတပ်က စစ်ဗိုလ်တစ်ယောက် ခေါင်းဖြတ်မသတ်ခင်အချိန်လေးမှာ ရိုက်ယူထားခဲ့တဲ့ဓာတ်ပုံပါ။

( ၄ ) ကိုလံဘီယာနိုင်ငံက အထက်တန်းကျောင်းတစ်ကျောင်းမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်းမှာ ဆရာဖြစ်သူက သေနတ်သမားကို မြင်ပြီး ကျောင်းသားတွေကို လုံခြုံတဲ့နေရာကို အမြန်ပို့ဆောင်နိုင်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ ကံဆိုးစွာနဲ့ပဲ သေနတ်သမားရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒီပုံဟာ သူမသေဆုံးခင်မိနစ်ပိုင်းအလိုမှာ CCTV ကနေ ဖမ်းယူခဲ့တဲ့ပုံရိပ်ဖြစ်ပါတယ်။

( ၅ ) နာမည်ကျော် မလေးရှားလေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် ၁၇ လေယာဉ်ပျက်ကျတဲ့အဖြစ်ဆိုးကြီးထဲမှာ ပါဝင်ခဲ့တဲ့ မိခင် နဲ့ သမီးလေးပါ။ သူတို့ရဲ့ဓာတ်ပုံကိုရိုက်ကူးပြီး သိပ်မကြာခင်လေးမှာပဲ လေယာဉ်ဟာ ပစ်ချခံခဲ့ရပါတယ်။ လေယာဉ်ပေါ်ပါရှိတဲ့ ခရီးသည် ၂၈၃ ယောက်စလုံးပျက်ကျမှုအတွင်းမှာသေဆုံးခဲ့တာဖြစ်တယ်။

( ၆ ) တရုတ်နိုင်ငံရဲ့ တံတားတွေဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှုတွေကြောင့် နာမည်ဆိုးတွေနဲ့ကျော်ကြားပါတယ်။ ပုံထဲမှာ တံတားပေါ်ကနေ အောက်ကိုရုတ်တရက်ခုန်ချသွားတဲ့ လူတစ်ယောက်ရဲ့ ပုံကို ကင်မရာမင်းက အမိအရရိုက်ကူးထားတာတွေ့နိုင်ပါတယ်။

( ၇ ) ရေနယ်လ်ဒို ဒက်ဆာ ဟာ ထင်ရှားတဲ့ ဖိလစ်ပိုင်လူမျိုး နိုင်ငံရေးသမားတစ်ယောက်ပါ။ ညစာစားပွဲတစ်ခုကအပြန် မိသားစုဖြစ်တဲ့ အမေ၊ သမီးနဲ့မိန်းမကို ဓာတ်ပုံရိုက်ပေးနေတဲ့အချိန်မှာပဲ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူရိုက်ပေးတဲ့ဓာတ်ပုံထဲမှာ သေနတ်နဲ့ချိန်ရွယ်နေတဲ့ သေနတ်သမားကိုပါ မြင်ရမှာဖြစ်တယ်။

( ၈ ) အမေရိကန်နိုင်ငံတောင်ဘက်စွန်းစွန်းက ဂူယာနာ လို့ခေါ်တဲ့ဒေသမှာ လူအစုလိုက်အပြုံလိုက် သေကြောင်းကြံမှုတစ်ခုဖြစ်ပွားခဲ့တယ်။ ဂျုန်းစ်တောင်း လို့ခေါ်တဲ့မြို့ကလေးမှာ ဘာသာရေးအစွန်းရောက်ခေါင်းဆောင်တစ်ဦးက နောက်လိုက်နောက်ပါတွေအကုန်လုံးကို ဆိုင်ယာနိုက်အဆိပ်ထည့်ထားတဲ့ ရေခွက်တွေပေးခဲ့ပြီး သောက်စေခဲ့တယ်။ အဲ့ဒီ သေကြောင်းကြံမှုကြီးအတွင်းမှာ လူပေါင်း ၉၀၉ ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့တဲ့သူတွေထဲမှာ ဘာသာရေးခေါင်းဆောင်ပါ အပါအဝင်ဖြစ်ခဲ့ပါတယ်။

( ၉ ) အသက် ၂၃ နှစ်သာရှိသေးတဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး အယ်ဗလင် မက်ဟေးလ် ဟာ ယူနိုက်တက်စတတိတ်အဆောက်အဦးပေါ်ကနေ ခုန်ချပြီးသေကြောင်းကြံခဲ့တဲ့ဓာတ်ပုံပါ။ သူမသေဆုံးပြီးမှရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဒီသေဆုံးမှုကို ကမ္ဘာပေါ်မှာအလှပဆုံးသေကြောင်းကြံမှု လို့တောင်နာမည်ပေးခဲ့ကြပါတယ်။

( ၁၀ ) နာမည်ကြီး FF သရုပ်ဆောင် ပေါလ်ဝေါ်ကာ ကားမတော်တဆမှုနဲ့မသေဆုံးခင်အချိန်လေးမှာ ရိုက်ယူထားတဲ့ဓာတ်ပုံလေးပါ။

Gabriel
Ref : theimperfective.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။