ဇနီးသည်ကို လွမ်းဆွတ်သတိရလို့ သမီးလေးနဲ့ အမှတ်တရရိုက်ခဲ့တဲ့ အမျိုးသား

ကမ္ဘာပေါ်မှာ လူတိုင်း ချစ်တတ်ကြတာကြီးပါပဲ။ တချို့ဆို အခြေနေအကြောင်းကြောင်းကြောင့် ဝေးကွာသွားတာတွေ၊ လမ်းခွဲသွားကြတာတွေ ဖြစ်တတ်ပေမယ့်။ တချို့ကြတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်လွန်းလို့ မခွဲနိုင်မခွာနိုင်လို့ဆိုပြီး လက်တွဲသွားတဲ့ သူတွေလဲရှိပါတယ်။ ဒီလို လက်ထပ်ကြတဲ့သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ်တွေ၊ မေတ္တာတွေ ပိုတိုးလာကြတဲ့အပြင် သားဦး သမီးဦးများရခဲ့ရင် တစ်ဦးနဲ့တစ်ဦးအချစ်တွေက အရင်ထက်ကို ပိုမိုခိုင်မြဲလာပြီး ပျော်ရွှင်စရာ မိသားစုလေးတစ်ခုဖြစ်လာကြစမြဲပါ။

?  ?  ? ?  ?  ?
အခုပြောပြမယ့် အမျိုးသားတစ်ဦးဟာ ဆုံးရှုံးသွားရတဲ့ ဇနီးသည်ကို သတိရမှု၊ လွမ်းဆွတ်မှုတွေကြောင့် သူတို့ အတူတူရှိစဉ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ရင်း ဇနီးသည်ကို ပိုသတိရလာပြီး ဟိုအရင် သူတို့လင်မယားနှစ်ဦးရိုက်ခဲ့တဲ့ ပုံလေးတွေအတိုင်း ချစ်သမီးလေးနဲ့ ပုံစံတူ ဓာတ်ပုံလေးတွေပြန်ရိုက်ခဲ့ပါတယ်။ အတိတ်ဆိုတာ မေ့ဖို့ခက်ခဲပါတယ်။ ပါးစပ်က ဖွင့်ပြောမှမဟုတ်ဘူး အမူအရာ အနေအထိုင်ကိုကြည့်ရင် လူတွေရဲ့ စိတ်နေသဘောထားနဲ့ လက်ရှိခံစားချက်ကို လေ့လာလို့ရတယ်လို့ မှတ်သားဖူးပါတယ်။ ကြည်နူးမှုရော၊ ဝမ်းနည်းမှုတွေရော ပေးတဲ့ သူတို့သားအဖပုံလေးတွေ ကြည့်လိုက်ပါဦး …..  ?


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။