အဆင်မပြေတာတွေ များလာလို့ Relationship ကိုအဆုံးသတ်လိုက်ပြီဆိုတဲ့ ရွှေအိမ်စည်

ရွှေအိမ်စည်ဆိုတာကတော့ ယောကျာ်းလေးပရိသတ်တွေတင်မက မိန်းကလေးပရိသတ်တွေပါ ချစ်ခင်ရတဲ့သူတစ်ဦးပါပဲနော်... သူမရဲ့ ပွင့်လင်းတဲ့ စကားပြောပုံဆိုပုံတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အလှဟာ သူများနဲ့မတူပဲ ထူးခြားနေသူလေးပါ... သူမဟာ ချစ်သူရှိတဲ့သူတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ သူမရဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း သူမရဲ့ Facebook Account မှာ ရေးသားပြီး တရားဝင်အသိပေး ကြေငြာခဲ့ပါတယ်...


ဒီလို အဆုံးသတ်လိုက်ခြင်းဟာလည်း တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုတွေများလာလို့ စိတ်ဖိစီးလာရပြီး မကြာခင်သူမပြိုင်ရမယ့် ပြိုင်ပွဲအတွက်ပဲ စိတ်ရောလူရောနစ်ထားချင်တာကြောင့် အဆုံးသတ်လိုက်ရတာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်...


ဘာပဲဖြစ်ဖြစ် သူမရဲ့ ပရိသတ်တွေကတော့ သူမ Single ဖြစ်သွားတာကို ဝမ်းသာနေကြပြီး အရင်ကထက်ပိုချစ်ပေးသွားမယ် Support သွားမယ်ဆိုပြီး ထောက်ခံအားပေးနေတာကို တွေ့ရမှာပါ...


ကဲ We ပရိသတ်ကြီးရော အိမ်စည်လေး Single ဖြစ်သွားတာ ပျော်ရဲ့လား...အရင်လိုပဲ Rs နဲ့ဖြစ်စေချင်လား ဖြေကြပါဦး

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။