ညအိပ်ရာဝင်တဲ့အခါမှာသဘာဝပစ္စည်းတွေကို အသုံးပြုပေးခြင်းဖြင့် အလှတိုးစေမဲ့နည်းလမ်း(၅)မျိုး

    သင့်ရဲ့အလှအပရေးရာအဖြာဖြာအတွက် သဘာဝနည်းလမ်းတွေကအစွမ်းထက်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ဒီတစ်ခါလည်းညအိပ်ရာမဝင်ခင်မှာ အသုံးပြုပေးခြင်းဖြင့် အလှတိုးစေမဲ့နည်းလမ်းတွေကို စေမျှပေးလိုက်ပါတယ်။

  ၁။ဆံပင်

     Aloe Vera gel ကိုဆံပင်အဖျားလေးကိုလိမ်းပြီးတော့ ညအိပ်လိုက်ပါ။အဖျားနှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးပြီး ဆံပင်ကိုပိုသန်လာစေပါတယ်။

၂။မျက်ခွံနဲ့မျက်တောင်

    ကြက်ဆူဆီကို ဂွမ်းလုံးလေးနဲ့ယူပြီး မျက်ခွံနဲ့မျက်တောင်တစ်ဝိုက်ကို တင်ပေးလိုက်ပါ။ပြီးရင်တော့နှစ်မိနစ်လောက်နှိပ်ပေးလိုက်ပါ။

၃။မျက်လုံး

      Almond oil ကိုမျကဝန်းတစ်ဝိုက်ကိုဖွဖွလေးလိမ်းပေးမယ်ဆိုရင်မျက်ကွင်ညိုခြင်းတေ ွအတွက်ကောင်းပါတယ်။

၄။လက်သည်း

     လက်သည်းတွေကို ရှည်လာစေပြီးတောက်ပစေမဲ့နည်းလမ်းလည်းရှိပါတယ်။ အဲ့ဒါကတော့လက်သည်းပေါ်မှာ အုန်းဆီကိုလိမ်းပေးခြင်းပါ။ပြီးရင်တော့ လက်တစ်ချောင်းလုံးကို အုန်းဆီလိမ်းပြီးနှိပ်နယ်ပေးပါ။

၅။ခြေထောက်

   သံလွင်ဆီကို ခြေထောက်မှာလိမ်းပြီး နှိပ်နယ်ပေးတာမျိုးကိုလည်းလုပ်လို့ရပါတယ်။ဒါကတော့အသားအရေကိုချောမွတ်စေပြီး အစိုဓာတ်ကိုထိန်းပေးစေနိုင်ပါတယ်။

Source:iamvanesae

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။