ပိန်းဥကရတဲ့ ကောင်းကျိုးတွေ

ပိန်းဥတွင် ကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင် B6 ဟာ သွေးကြောနံရံကို Damage ဖြစ်စေသော Homocysteine ကို ချေဖျက်ပေးပါတယ်။ Homocysteine များခြင်းသည် Heart Attack နှင့် Stroke လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။ ဗီတာမင် B6 ကြွယ်ဝစွာပါဝင်သော ပိန်းဥသည် နှလုံးရောဂါကို ကာကွယ်ပေးခြင်း၊ Potassium မြောက်မြားစွာ ပါဝင်သောကြောင့် သွေးပေါင်ကို ကျစေခြင်း၊ ဒ့ါအပြင် ပိန်းဥမှာ ပါဝင်တဲ့ Dioscorin ကလည်း ကျောက်ကပ်သို့ သွေးစီးအားကောင်းစေသဖြင့် သွေးပေါင်ကို ကျစေပါတယ်။ ခန္ဓာကိုယ်ရဲ့ ကြွက်သားနဲ့ အာရုံကြောများအတွက်လည်း Potassium လိုအပ်ပါသည်။ ဓာတ်တိုးပစ္စည်းများကို တိုက်ဖျက်ပေးတဲ့ ဗီတာမင် C ပါဝင်တာကြောင့် ကင်ဆာကို ကာကွယ်ပေးသည်။ Fibere ကြွယ်ဝစွာပါဝင်သဖြင့် ဗိုက်နဲ့ ခါးတွင် အဆီမစုစေပါ။ ပိန်းဥမှာ ပါဝင်သော ကာဗိုဟိုက်ဒြိတ်မှ သကြားဓာတ်သို့ ဖြည်းဖြည်းခြင်းသာ ပြောင်းလဲသဖြင့် သွေးချိုတက်လွန်းခြင်း၊ ကျလွန်းခြင်းမဖြစ်စေပါဘူး။

ကျန်းမာရေးအတွက်
(၁) ပိန်းဥကအာလူးထက် ကယ်လိုရီပိုမိုပါဝင်ပါတယ်။ ပိန်းဥ (၁၀၀)ဂရမ်မှာ (၁၁၂)ကယ်လိုရီပါဝင်ပါတယ်။ ဒီကယ်လိုရီတွေက Amylose နဲ့ Amylopectin လို့ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကနေ အဓိကလာပါတယ်။ ဒါပေမဲ့ အဆီနဲ့ ပရိုတင်းပါဝင်မှု လျော့နည်းပါတယ်။ ပရိုတင်းပါဝင်မှု ပမာဏဟာ အာလူး၊ ငှက်ပျောသီး စတာတွေနဲ့တူညီပါတယ်။

(၂) ပိန်းဥမှာ အမျှင်ဓာတ် အများဆုံး ပါဝင်ပါတယ်။ ပိန်းဥ (၁၀၀)ဂရမ်မှာ တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ (၁၁)ရာခိုင်နှုန်း (၄ ဒသမ ၁ ဂရမ်) ပါဝင်ပါတယ်။ ပေါင်းစပ် ကာဗိုဟိုက်ဒရိတ်အပြင် အမျှင်ဓာတ် အသင့်အတင့် ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ် ပမာဏကို တဖြည်းဖြည်း မြင့်တက်စေပါတယ်။

(၃) ပိန်းဥမှာ ဗီတာမင် B6 ၊ ဖောလိတ်၊ ရိုင်ဘိုဖလေဘင်၊ ပန်တိုသီးနစ်အက်စစ်နဲ့ သိုင်ယာမင်တို့လို ဗီတာမင်ဘီအုပ်စု ပါဝင်ပါတယ်။



(၄) ပိန်းဥမှာ ဇင့်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ သံဓာတ်၊ မဂ္ဂနိစ်စတဲ့ အရေးကြီးတဲ့ သတ္တုဓာတ်ပါဝင်ပြီး အဲဒီသတ္တုဓာတ်တွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပမာဏပါဝင်ပါတယ်။ ပိန်းဥမှာ ပိုတက်စီယမ်ပါဝင်ပြီး ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို ဟန်ချက်ညီအောင် ထိန်းချုပ်ပေးပါတယ်။

(၅) ပိန်းဥမှာ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ သဘာဝအဆီ၊ အိုမီဂါ 3 ဖက်တီးအက်စစ်၊ အိုမီဂါ 6 ဖက်တီးအက်စစ်၊ ပရိုတင်းဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် B1 ၊ B2 ၊ B3 ၊ B5 ၊ B6 ၊ B9 ၊ ဗီတာမင် C ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကြေးနီ၊ မဂ္ဂနိစ်နဲ့ ဆီလီနီယမ်တို့ပါဝင်ပါတယ်။



အကျိုးကျေးဇူးတွေကတော့

- အမြင်အာရုံကို ကောင်းမွန်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

- မျက်စိကို စိုစွတ်စေပါတယ်။

- ညဘက် မျက်စိမမြင်တာကို လျော့ကျစေပါတယ်။

- မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားကို တင်းအား ကောင်းမွန်စေပါတယ်။

- ဗိုင်းရပ်စ်ပိုး ကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

- ဗိုင်းရပ်စ်ပိုးဝင်လာရင် တွန်းလှန်ပေးပါတယ်။



- အသားအရေကို စိုပြည်စေပါတယ်။ အိုမင်းမှုဖြစ်စဉ်ကို လျှော့ချပေးပါတယ်။

- ဆဲလ်တွေကို အောက်ဆီဂျင်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်ကြောင့် မထိခိုက်အောင် ကာကွယ်ပေးပါတယ်။

- နှာခေါင်းတစ်ဝိုက် အရေပြားကွာကျမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်။

- ပါးစပ်တစ်ဝိုက် ဖြစ်တတ်တဲ့ အနာတွေကို သက်သာစေပါတယ်။

- အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

- ဆဲလ်ထုတ်လုပ်မှုကို ပံ့ပိုးပေးပါတယ်။

- သိုင်းရွိုက်ဂလင်း ကျန်းမာအောင် ပံ့ပိုးပေးပါတယ်။



- သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။

- ပျို့ချင်အန်ချင်တာ မဖြစ်အောင် ကာကွယ်ပေးပြီး ပျို့အန်မှုကို လျှော့ချပေးပါတယ်။

- အကြားအာရုံ ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာ၊ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

- မျိုးဆက်ပွားစနစ်ကို ကျန်းမာစေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

- သွားဖုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ မကြာခဏ ကူးစက်ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးသလို အအေးမိဝေဒနာ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။