သီချင်းနားထောင်ခြင်း အကျိုးကျေးဇူး(၅) မျိုး။

တေးဂီတ၊ သီချင်း ဆိုတာ ကျွန်တော်တို့ဘဝအတွက် များစွာအထောက်အကူပြုပေးနိုင်တဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ မနက်မိုးလင်းတဲ့အချိန်၊ အနားယူနေတဲ့အချိန်၊ အလုပ်မှာဖြစ်ဖြစ် နားဆင်ပြီး စိတ်ကို အပန်းဖြေနိုင်ပါတယ်။ ဒါ့အပြင် တေးဂီတ၊ သီချင်းတွေ ဆိုတာ ကျွန်တော်တို့ ရဲ့ အကောင်းဆုံးအဖော်မွန်တွေဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။ Motivate ဖြစ်စေတယ်။ ခက်ခဲတဲ့အချိန်တွေကို ကူညီပေးနိုင်တယ်။ နောက်ထပ် ကျွန်တော်တို့ကို ဘယ်လိုတွေကောင်းကျိုးပေးနိုင်တာလဲဆိုရင်တော့

(၁)  စိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးခြင်း


လေ့လာတွေ့ရှိချက်အရတော့ သီချင်းနားထောင်ခြင်းဟာ သင့်ဆီမှာဖြစ်ပေါ်နေတဲ့ Stress တွေကို လျော့ပါးစေနိုင်ပြီး စိတ်ဖိအားတွေကိုလည်း လျှော့ကျပေးစေပါတယ်။ UK မှာရှိတဲ့ သုတေသနပညာရှင်တချို့ကတော့ သီချင်းနားထောင်ခြင်းဖြင့် လူတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှု ၆၅% ကို လျော့ကျပေးစေနိုင်ပါတယ်။ ဒါကြောင့် သီချင်း ဆိုတာ သင့်အတွက် ဆေးတစ်မျိုးပါပဲနော်။


(၂) သင့်ရဲ့ စိတ်ကိုလည်း ပျော်ရွှင်စေခြင်း


ဟာသတစ်ခု မဟုတ်ပါဘူး။ သင်အားငယ်နေတဲ့အချိန်မှာ အားပေး အားတက်စေနိုင်တဲ့သီချင်းတစ်ပုဒ် နားထောင်ကြည့်လိုက်ပါ။ သင့်စိတ်တွေပြောင်းလာမယ်ဆိုတာ သတိထားလာနိုင်လိမ့်မယ်။ လေ့လာတွေ့ရှိခြင်းအရ တေးသီချင်းတွေဟာ သင့်ရဲ့စိတ်တွေကို မြှင့်တင်ပေးနိုင်တဲ့အရာဖြစ်ပြီး သင့်ကိုလည်း ပိုပျော်ရွှင်လာအောင် ဖန်တီးပေးနိုင်တဲ့အရာလည်းဖြစ်ပါတယ်။

(၃)  နာကျင်ခြင်းအတွက် ကူညီပေးနိုင်ခြင်း


ဥပမာ သင်ဟာ အသည်းကွဲနေတယ်ဆိုပေမယ့် အဆွေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ နီနီခင်ဇော်ရဲ့ လွမ်းခွင့်လေး သီချင်းကို နားထောင်တယ်ဆိုပါစို့။ သိပ္ပံပညာရှင်တွေက ပြောတယ် အသည်းကွဲနေတယ်ဆိုပေမယ့် အဆွေးသီချင်းတွေကို နားထောင်ခြင်းဟာလည်း သင့်ရဲ့ Positive Emotions ကိုပေးစွမ်းနိုင်ပါတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့သာအဲသီချင်းထဲမှာ ခံစားသက်ဝင်မှုနဲ့ မျောပါသွားရင် စာနာ နားလည်နိုင်လာလိမ့်မယ်။ ဘာလဲဆိုရင်တော့ အချစ်စစ်နဲ့ မတွေ့နိုင်သရွေ့တော့ ဒီလိုဆက်ပြီး ခံစားရမှာပဲပေါ့။ တဖြည်းဖြည်းသီချင်းတွေနဲ့ ဖြေသိမ့်လာနိုင်ပါလိမ့်မယ်။ ဒါကြောင့် တေးသီချင်းတွေဟာ သင့်ရဲ့ နာကျင်ခြင်းအတွက် ကူညီပေးနိုင်ပါတယ်။

(၄) သင် Workout လုပ်နေချိန်မှာ သင့်ကိုပိုပြီး Motivate ဖြစ်စေခြင်း


တေးသီချင်းတွေဟာ Workout လုပ်ချင်စိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် Gym မှာ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ပိုပြီး ခံနိုင်ရည်ရှိလာခြင်း နဲ့ တက်ကြွလျင်မြန်စေနိုင်ပါတယ်။

(၅)  သင့်ကို အိပ်ရေးဝစေခြင်း


၂၀၀၈ လေ့လာတွေ့ရှိချက်အရ Classical တေးဂီတ အမျိုးအစားကို နားထောင်ခြင်းဟာ သင့်ရဲ့ အိပ်ရေးပျက်ခြင်းရောဂါကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်စိတ်ကိုလည်း ငြိမ်သက်နေနိုင်ပါတယ်လို့ သိရပါတယ်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။