
မုတ်ဆိတ်မွေးထားပြီးနောက်ပိုင်း FA အဖြစ်ကနေ စော်ကြည်ဘဲဘဝရောက်သွားခဲ့တဲ့အမျိုးသား
ဂယ်လင် ပါ့ဂျ် ဟာ အသက် ၂၁ သာရှိသေးတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ။ ကိုယ်ပိုင်အာမခံကုမ္ပဏီတစ်ခုတည်ထောင်ထားပြီး တိုက်ခန်းတစ်ခုထဲမှာ တစ်နေကုန်ထိုင်ရာကနေမထပဲ customer ဖုန်းတွေလက်ခံဖြေဆိုတာ၊ စာရွက်စာတမ်းနဲ့ဘဏ်ကိစ္စတွေကို အွန်လိုင်းကနေ ဆောင်ရွက်နေတဲ့သူဖြစ်ပါတယ်။
တစ်နေကုန်ထိုင်ရာမထပဲ ၁၂ နာရီလောက်ထိုင်ပြီးအလုပ်လုပ်နေရတာတွေ၊ သတ်မှတ်ထားတဲ့ စားချိန်မရှိပဲ McDonald’s ဘာဂါ၊ ကြက်ကြော်၊ အာလူးချောင်းကြော်၊ တာကို့စ်၊ ချိစ် နဲ့ ကိုကာကိုလာတွေလိုမျိုးအသင့်စား Fast Food တွေ၊ Junk Food တွေလောက်ပဲ စားသောက်နေတာဖြစ်တဲ့အတွက် ကိုယ်အလေးချိန်တက်လာပါတယ်။
တစ်ရက်မှာ သူ့ဆီကိုလာတဲ့ ဆံသဆရာတစ်ယောက်က မုတ်ဆိတ်မွေးထားဖို့အကြံပေးခဲ့ပါတယ်။
တစ်နှစ်နီးနီးလောက်ကြာပြီးတဲ့အချိန်မှာတော့ ပါ့ချ် တစ်ယောက် ဝိတ်ကျသွားတဲ့အပြင် မုတ်ဆိတ်မွေးအရှည်နဲ့ ခန့်ညားတဲ့ပုံစံအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပါ့ချ် ဟာ အင်္ဂလန်တိုက်စစ်မှုးဟောင်း ဒေးဗစ်ဘက်ခမ်း ရဲ့ House 99 အမျိုးသားဖက်ရှင် ရဲ့ Brand Ambassador အဖြစ်ဆောင်ရွက်နေသလို၊ AMCK Model Agency မှာလည်း မော်ဒယ်တစ်ယောက်အဖြစ်လုပ်ကိုင်နေပါတယ်။ နောက်ပြီး ချစ်စရာကောင်းတဲ့ ချစ်သူတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါပြီ။ သူ့ချစ်သူကလည်း Model Industry ထဲကတစ်ယောက်ပါပဲ။
အခုလိုပြောင်းလဲလာတဲ့အထဲမှာ သူ့ချစ်သူရဲ့အားပေးစကားတွေအပြင်၊ သူ့ရဲ့ရုပ်ရည်ကို အရင်ကနဲ့မတူပဲပြောင်းလဲသွားအောင် မုတ်ဆိတ်မွေးအရှည်ထားဖို့အကြံပေးခဲ့တဲ့ ဆံသဆရာရဲ့ ကျေးဇူးတွေလည်း အများကြီးပါတယ် လို့ Dailymail UK ကို တနင်္လာနေ့ကပြောကြားခဲ့ပါတယ်။
Gabriel
Ref : Boredpanda
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။