တကိုယ်တော်ဖျော်ဖြေပွဲအတွက် ကြိုးစားလေ့ကျင့်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့(တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး  ဒီပွဲကတော့ အရင်တုန်းက လုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေနဲ့ မတူတဲ့ ထူးခြားမှုတွေရှိတဲ့အကြောင်းကိုလည်း စိုင်းစိုင်းက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ပြောကြားခဲ့ဖူးပါတယ်။


အခုဆိုရင် စိုင်းစိုင်းဟာ သူချစ်တဲ့ ပရိတ်သတ်တွေအတွက် ခရီးမှပြန်လာလာချင်းပဲ မနားတမ်း သီချင်းတွေတိုက် သီချင်းတွေ စီနဲ့ အရမ်းကို အလုပ်တွေရှုပ်နေပါတယ်။


ဒီ Show ပွဲဟာ အရင်မတူတဲ့ ခံစားမှုများ၊ ပြင်ဆင်မှုများ၊ ပျော်ရွှင်မှုများကို ဘယ်လိုပေးမလဲဆိုတာ Show ပွဲလက်မှတ် ဝယ်ယူထားတဲ့ ပရိတ်သတ်များအနေနဲ့ အရမ်းကို ရင်ခုန်ရင်း စောင့်မျှော်နေကြပါတယ်။

စိုင်းစိုင်း တစ်ယောက် သူချစ်တဲ့ ပရိတ်သတ်ကြီးကို ဘယ်လို ခံစားမှုတွေပေးမလဲဆိုတာ စောင့်မျှော်ကြည့်ရမှာပါပဲ …

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။