လူသိနည်းတဲ့ ဝက်သားစားခြင်းနှင့် လေ့လာတွေ့ရှိချက်များ

အသီးမှာ “ သရက် ”အသားမှာ “ ဝက် ”လို့ ကျနော်တို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ဝက်ဟာ တကိုယ်လုံး လွှင့်ပစ်စရာမရှိလောက်အောင် အသုံးဝင်ပါတယ်။ အခုနောက်ပိုင်း လူတွေက ဝက်သားကို စားလို့ကောင်းအောင် နည်းမျိုးစုံနဲ့ ပြုလုပ် စားသောက်လာကြပါတယ်။ လူကြိုက်လည်း အရမ်းများတဲ့ ဝက်ရဲ့အသားဟာ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာ သိထားသင့်လို့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) ပညာရှင်တွေက ဝက်တစ်ကောင်ရဲ့ အူလမ်းကြောင်းကို  အမှိုက်ပုံတစ်ခုကဲ့သို့လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝက်တွေ စားတဲ့ အစားအသောက်တွေထဲမှာ သက်ရှိများရဲ့ ဆီး၊ မစင်၊ ပုပ်သိုးနေသောအသားနှင့် ဟင်းသီးဟင်းရွက်များ၊ လောက်များ၊ ကင်ဆာဖြစ်ပွားနေသော အသားတုံးများပါဝင်တယ်ဟု လေ့လာသူတွေက ဆိုပါတယ်။


(၂) ဝက်တွေရဲ့ အသားနဲ့ အဆီတွေဟာ သူတို့စားသောက်တဲ့ အစားအသောက်များမှာ ပါဝင်နေသော အဆိပ်အတောက်များနှင့် အညစ်အကြေးများကို “ ရေမြုပ် ” ကဲ့သို့ စုပ်ယူထားနိုင်ပါတယ်။ ဒါကြောင့် ဝက်သားဟာ အခြားအသားများထက် အစာအဆိပ်သင့်မှု အဆ(၃၀)ခန့်ပိုမိုဖြစ်ပွားနိုင်ပါတယ်။


(၃) ကျနော်တို့ ခန္ဓာကိုယ်အတွင်းရှိ အစာချေစနစ်ဟာ အမဲသား၊ သမင်၊ ဆတ်ကဲ့သို့သာ အသားများကိုသာ ချေပြီး သွေးထဲသို့
စုပ်ယူနိုင်ရန် အချိန်(၈)နာရီခန့်ကြာသည်။ ဒီအသားတွေထဲမှာ ဘက်တီးရီးယားများကြောင့် အဆိပ်အတောက်(Toxins)များ ပါလာခဲ့ရင်တော့ နဲနဲချင်းစီသာချေနိုင်သော အစာချေစနစ်ကြောင့် သွေးထဲသို့တစိမ့်စိမ့်နဲ့ အနည်းငယ်စီသာ ဝင်ရောက်နိုင် ပါတယ်။ အဲ့ဒါကြောင့် ဒီအဆိပ်များကို အသည်းမှ အလွယ်တကူ စစ်ထုတ်ကာ ဆီးလမ်းကြောင်းမှ တဆင့်စွန့်ထုတ်နိုင်ပါတယ်။ ဝက်သားများကို ချေပြီးသွေးထဲသို့ စုပ်ယူနိုင်ရန်ကြာချိန်မှာ (၄)နာရီခန့်မျှသာရှိပါတယ်။ ဒါ့ကြောင့်အချိန်တိုအတွင်း အဆိပ်များ သွေးထဲသို့ အမြောက်အများဝင်ရောက်လာနိုင် ပါတယ်။


(၄) ဝက်တွေဟာ တခြားသတ္တဝါတွေလို ချွေးမထွက်ပါဘူး။ ဒါကြောင့် အဆိပ်အတောက်နဲ့ အညစ်အကြေးဟူသမျှက ခန္ဓာကိုယ်တွင်း မစွန့်ထုတ်နိုင်ပဲကိန်းအောင်းနေပါတယ်။ တစ်ခါတရံ ဝက်တွေဟာ မြွေတွေကိုပါ စားသောက်တတ်ပြီး မြွေဆိပ်တွေဟာလည်း ဝက်ရဲ့ ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိနေတတ်ပါတယ်။


(၅) ဝက်သားဟာ တခြားအသားများထက် ပိုးတွယ်ခြင်း၊ လောက်တွယ်ခြင်းများကို ပိုမိုလျင်မြန်စွာဖြစ်ပွားလေ့ရှိပါတယ်။


(၆) ဝက်ရဲ့ ခန္ဓာကိုယ်တွင်းမှာ တုတ်ပြားကောင်၊ သံပြားကောင်များ၊ ကပ်ပါးကောင်များနဲ့ ဒီအကောင်တွေရဲ့ ဥများ၊ အရည်အိတ်များ တွယ်ကပ်နေထိုင်တတ်ပါတယ်။ မီးပူပူဖြင့် သေချာချက်ပြုတ်ရင်တောင် ဒီအကောင်တွေရဲ့ ဥများတွေဟာ သေဖို့မလွယ်ကူပါဘူး။ ဝက်သားထဲမှာ တွယ်ကပ်နေတဲ့ Trichinae ဟုခေါ်သော အလွန်သေးငယ်သော တုတ်ကောင်လေးတွေဟာ လူ့ခန္ဓာကိုယ်အတွင်း ရောက်ရှိပါက ရောဂါရှာရခက်ခဲတဲ့ ဝေဒနာမျိုးစုံကို ခံစားရနိုင်ပါတယ်။


(၇) ဝက်သားဟာ အမဲသားထက် အဆီ(၂)ဆခန့် ပိုမိုပါဝင်ပါတယ်။ သွေးတိုး၊ ဆီးချိူ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ အသည်းအဆီဖုံးရောဂါနဲ့ အခြားသောရောဂါပေါင်းများစွာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။

Crd; BBG

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။