ရဲတပ်ဖွဲ့အင်အားအလုံးအရင်းသုံးပြီး အကြီးအကျယ်ဖြန့်ဖြူးနေတဲ့ ပုသိမ်မြို့ဒိုင်ချုပ်ကိုဖမ်းဆီးခြင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဗျောက်အိုး၊ မီးရူးမီးပန်းနှင့် ရူးဒိုင်းများကို လက်ကားရောင်းချနေသော ဒိုင် အား အောက်တိုဘာ ၁၀ ရက် ည ရး၃၀ နာရီအချိန်က ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်၍ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုသိမ်နယ်မြေစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ ပုသိမ်ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် မင်းကြီးလမ်းနှင့် ဈေးချောင်းလမ်းထောင့်ရှိ နေပြည်တော်မှန်ဆိုင်အား ဝင်ရောက်စစ်ဆေးရာမှ အတွင်းတွင်လက်ကားရောင်းချရန်သိမ်းဆည်းထားသော ဗျောက်အိုး၊ မီးရူး မီးပန်း၊ ရူးဒိုင်းများအားတွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။
ဖမ်းဆီးရမိသော ဗျောက်အိုး၊ မီးရူးမီးပန်း၊ ရူးဒိုင်းများမှာ ပစ္စည်းစုံ ၁၉ မျိုး၊ အရေအတွက် ၁၀၀၀ ကျော်ခန့်ရှိပြီး ကာလတန်ဖိုး ၂,၈၈၈,၅၀၀ (နှစ်ဆယ့်ရှစ်သိန်း ရှစ်သောင်း ရှစ်ထောင့်ငါးရာ) တန်ဖိုးရှိကြောင်း ပုသိမ်နယ်မြေစခန်းတာဝန်ရှိ ရဲအရာရှိတဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သတ်ပြီး ဦးအောင်နိင် အမှတ် ၆ ရပ်ကွက် မင်းရဲကျော်စွာလမ်းနေထိုင်သူအား ပုသိမ်နယ်မြေစခန်းမှ (ပ) ၄၄၉/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မီးရှူးမီးပန်း၊ ဗြောက်အိုး၊ မီးအိုး၊ ရှူးဒိုင်း၊ ပေသီး၊ မီးပုန်းတို့အား ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်း ကောင်းကင်ပေါ်သို့လွှတ်တင်ခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသန္တရအမိန့်ကို အောက်တိုဘာလဆန်းပိုင်းက ထုတ်ပြန်ထားသည်။

Gabriel
Ref : အောင်အောင် ( ပုသိမ် )








we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။