Asia’s Next Top Model Cycle (6) မှာTop 5 အထိပါဝင်ခဲ့တဲ့Beauty

    ဒီတစ်ပတ်မှာ Asia’s Next Top Model Cycle (6)  ရဲ့ Episode 7ကိုထုတ်လွှင့်ခဲ့ပါတယ်။ဒီ Episode မှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်ထုတ်ပယ်ခံရတာဖြစ်ပြီး ကျန်တဲ့သူတွေက ဖိုင်နယ်ကို တက်သွားတာဖြစ်ပါတယ်။ဒီတစ်ပတ်Challengeမှာ Beautyအနေနဲ့အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့ပေမဲ့ စိတ်မကောင်းစရာကတော့ ထုတ်ပယ်ခံရသူထဲမှာ သူမပါဝင်ခဲ့ပါတယ်။ထုတ်ပယ်ခံခဲ့ရတာကတော့ Beauty နဲ့ Pimပါ။

    သူမဟာ Top 3ရရှိခဲ့တဲ့Adela နဲ့ဆိုရင် အမှတ်ပေါင်းတွေဟာ 28 နဲ့ 28.2 ဖြစ်ပြီး 0.2 လေးပဲကွာခဲ့တာပါ။Beauty ပြိုင်ပွဲအတွင်းမှာ winner နှစ်ကြိမ်ဖြစ်ခဲ့ပြီး bottomတစ်ခါမှ မထိုင်ခဲ့ရတဲ့သူပါ။ နောက်ပြီးတော့ပြိုင်ပွဲဝင်တွေအထဲမှာ Modellingအတွေ့အကြုံအနည်းဆုံးဖြစ်ပေမဲ့ အရမ်းကိုကြိုးစားမှုရှိတဲ့ သူတစ်ယောက်လို့ပြောလို့ရပါတယ်။ဒါကြောင့်လည်း ပရိသတ်တွေက Asia’s Next Top Model Cycle (6)  ရဲ့ winner ဖြစ်လာဖို့ကို မျှော်လင့်ကြတာပါ။

   လက်ရှိကျန်ခဲ့တဲ့ Top 3တွေကတော့ Mia ထိုင်ဝမ်နိုင်ငံကိုယ်စားပြု ၊ Dana(ထိုင်း) နဲ့ Adela(ဖိလစ်ပိုင်)တို့ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့Beautyအနေနဲ့ ဒီလိုဒိတ်ဒိတ်ကြဲ ပြိုင်ပွဲကြီးမှာပါဝင်ခွင့်ရရုံတင်မကTop 5 အဆင့်အထိပါလာခဲ့တာကိုက အရမ်းကိုဂုဏ်ယူစရာကောင်းနေပါပြီ။ပရိသတ်တွေကလည်း ဒီအဆင့်အထိရောက်အောင်ကြိုးစားလာနိုင်တာကို ကျေနပ်ကြလိမ့်မယ်လို့လဲမျှော်လင့်မိပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။