American Music Awardsတက်ရောက်လာသူတွေရဲ့အလန်းဆုံးဝတ်စုံတွေ

   American Music Awards ကိုအောက်တိုဘာလ ၁၀ရက်နေ့ကကျင်းပခဲ့ပါတယ်။ ဂီတလောကထဲကအနုပညာရှင်တွေအတွက်တော့ အကြီးကျယ်ဆုံးကျင်းပတဲ့ပွဲတစ်ခုလို့ပြောလို့ရ ပါတယ်။ဟောလိဝုဒ်ရဲ့အကျော်အမော်တွေကတော့ ဒီပွဲမှာအပြိုင်အဆိုင်ကိုလှနေကြတာပါ။ အဲ့ဒီအထဲကမှ အဟော့ဆုံးဆယ်လီမမတွေရဲ့ဝတ်စုံကိုဖော်ပြပေးလိုက်ပါတယ်။

အမေရိကန် Rapper Cardi Bကတော့ရောင်စုံအပွင့်တွေနဲ့ဂါဝန်ကိုဝတ်ဆင်ပြီးအရမ်းကို လန်းနေခဲ့တာပါ။ 

    ပြောင်ပြောင်လက်လက်နဲ့ဝတ်စုံဒီဇိုင်းကြောင့်အရမ်းကိုအထာကျနေတာကတော့တေလာပါ။

နောက်ပြီးတော့ ဆုတွေအများကြီးလည်း ရခဲ့တာဆိုတော့ ရေရေလည်လည်အထာကျတဲ့ ပွဲတစ်ခုဖြစ်ခဲ့မယ်ထင်ပါရဲ့။

Havana နဲ့ဆုတွေယူသွားတဲ့ မမ Camilaကတောရိုးရိုးရှင်းရှင်း ရင်ပြတ်အကျီၤအနက်ရောင်နဲ့ဘောင်းဘီလေးဝတ်လာတာပါ။

အနီရောင်အပွင့်တွေနဲ့တန်ဆာဆင်ထားတဲ့ဝတ်စုံနဲ့တောက်ပနေခဲ့တာကတော့ အဆိုတော်မမကတော့Hilary Robertsပါ။

အမွှားတွေနဲ့လက်လက်ထနေပါသောအနက်ရောင်ဝတ်စုံကိုဝတ်ဆင်လာတာကတော့ Heidi Klumပါ။

နှင်းဆီပုံစံ အပွင့်ဖော်ထားတဲ့မိန်းမသားဆန်ဆန်ဝတ်စုံလေးကိုဝတ်ဆင်ထားတာကတော့ Halseyပါ။

ထူးထူးခြားခြားဦးထုပ်ဆောင်းထားပြီး အမိုက်စားတွေဖြစ်နေခဲ့တာကတော့Tyra Banksပါ။

Georges Chakra  ရဲ့ပန်းရောင်ဝတ်စုံနဲ့ ဂရိနတ်ဘုရားမအလားဝံ့ကြွားတောက်ပနေတာကတော Jenifer Lopezပါ။

တော်ဝင်ဆန်ဆန်ညနေခင်းဝတ်စုံနဲ့ပွဲတက်လာသူကတော့ Amber Heardပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။