သရုပ်ဆောင်မင်းသွေးရဲ့ အုတ်ဂူက ဓာတ်ပုံခွာယူခံရတဲ့ကိစ္စကိုရှင်းပြလိုက်ပြီ

သရုပ်ဆောင်မင်းသွေးရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့က ရေဝေးသုဿန်မှာ အောက်တိုဘာ ၉ ရက်နေ့မနက်ပိုင်း ၆ နာရီက ပြုလုပ်ခဲ့ပြီး မီးသဂြိုဟ်ပြီးနောက်မှာ ကျန်ခဲ့တဲ့အရိုးပြာအိုးကို ဂူသွင်းပြီးမြှုပ်နှံခဲ့ပါတယ်။
ကိုနေတိုး တို့မိသားစုတွေအနေနဲ့ နေ့လာ် ၁၂ နာရီလောက်မှ သဂြိုဟ်ဖို့စီစဉ်ထားပေမယ့် လူအရမ်းများလွန်းတာကြောင့် မနက်ပိုင်း ၆ နာရီလောက်မှာ မီးသဂြိုဟ်တာကိုပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အနီးအနားကလူတွေဟာ ညပိုင်း ၁၀ နာရီလောက်ကတည်းက သုဿန်မှာစောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။

မီးသဂြိုဟ်ပြီးလို့ အရိုးပြာကိုဂူသွင်းအပြီးမှာတော့ အွန်လိုင်းသုံးစွဲသူတစ်ယောက်က မင်းသွေးအုတ်ဂူပေါ်က ဓာတ်ပုံခွာယူခံလိုက်ရပြီဆိုတဲ့အကြောင်းကို ဓာတ်ပုံနဲ့အတူတူတင်လိုက်တာကြောင့် ပရိသတ်တွေကြားထဲမှာ အတော်လေးအုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်မှ သိလိုက်ရတာကတော့ အုတ်ဂူကိုပြုလုပ်ပေးတဲ့ပန်းရံဆရာက ဓာတ်ပုံကိုမကြာခဏလာပြီး ကိုင်တွယ်မှုတွေ၊ နောက်ပြီး ဓာတ်ပုံကျောက်ပြားကပ်ထားတဲ့ ဘိလပ်မြေမခြောက်သေးပဲ လျှောကျမှာစိုးရိမိတဲ့အတွက်ခဏဖြုတ်ထားတာဖြစ်ပြီး အတော်ကြာမှပြန်လည်တပ်ဆင်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။