သက်ရှိအမျိုးသမီးတွေထက် ပိုပြီးသာယာမှုတွေပေးစွမ်းနိုင်မယ့် Emma

ကမ္ဘာ့နေရာအဝန်းမှာ လိင်ကိစ္စနဲ့ပတ်သက်ပြီး အတွေ့အကြုံသစ်တွေပေးစွမ်းနိုင်မယ့် ဆီလီကွန်ဆောင်ကြာမြိုင်တွေကို ၂၀၁၆ လောက်ကတည်းက ဖွင့်လှစ်နေကြပါပြီ။ တကယ်တော့ ဆီလီကွန်အရုပ်မတွေဟာ အစပိုင်းက တစ်ကိုယ်တည်းသမား နဲ့ FA တွေအတွက် ရည်ရွယ်ထားတာဆိုပေမယ့် နောက်ပိုင်းကာလတွေမှာတော့ နည်းပညာတွေတိုးတက်လာတာနဲ့အတူ ဆီလီကွန်အရုပ်တွေကို ပိုမိုတိုးတက်ပြီး အဆင့်မြင့် တက်ကနော်လော်ဂျီတွေ ထပ်မံဖြည့်စွက်လိုက်တယ်။ အဲဒါဟာ ဘာကိုညွှန်ပြလိုက်တာလဲဆိုရင် သဘာဝကျကျဖိုမဆက်ဆံရေးကို တော်လှန်လိုက်တဲ့ တော်လှန်ရေးတစ်ခုလိုပါပဲ။ ပြောရရင် အရိုးစွဲနေတဲ့စနစ်ကိုမြေလှန်လိုက်တာပေါ့။

ဘာတွေဖြစ်လာသလဲ

ရုရှားနိုင်ငံက ဆီလီကွန်အရုပ်မတွေကိုနောက်ထပ် AI နည်းပညာတစ်ခုနဲ့ထပ်ပြီးမွမ်းမံလိုက်တယ်။ အဲ့ဒါကတော့ အရုပ်မတွေဟာ အထိအတွေ့တွေမှန်သမျှကို စကား၊ အသံ၊ အတွေ့စတာတွေနဲ့ react ( တုံ့ပြန် ) နိုင်မယ့်အပြင် သူမရဲ့အသားအရေဟာ ဆီလီကွန်အရေပြားအတိုင်းအေးတိအေးစက်ကြီးမဟုတ်ပဲ သက်ရှိလူတစ်ယောက်ရဲ့အသားလိုမျိုးနွေးနွေးထွေးထွေးလေးပါတဲ့။

စိတ်ဝင်စားနေပြီဟုတ် ..?

သူ့ကိုရုရှားတွေက အမ်မာ လို့နာမည်ပေးထားတယ်။ အင်္ဂလိပ်၊ ရုရှား နဲ့တရုတ်ဘာသာစကားသုံးမျိုးကို အတော်များများပြောတတ်အောင် အထူးပရိုဂရမ်တစ်ခုထည့်သွင်းထားတယ်။ အရပ် ၅ ပေ ၄ လက်မရှိပြီး ကိုယ်အလေးချိန် ၇၇ ပေါင်ရှိတယ်။ တကယ့်လူသားမိန်းမပျိုတစ်ယောက်အတိုင်းပါ။

အသားအရေရဲ့ အပူချိန်ကို ပိုင်ရှင်ဖြစ်သူက စိတ်ကြိုက်ချိန်ညှိနိုင်တယ်။ ဘာတွေပိုကောင်းလာမလဲဆိုတော့ ပိုပြီးအသက်ဝင် ( realtime ) ဖြစ်တဲ့ ဖိုမဆက်ဆံရေးမျိုးကို ရရှိနိုင်တယ်လို့ အမ်မာရဲ့ ပိုင်ဆိုင်သူဖြစ်တဲ့ Lumidolls စက်ရုပ်ဆောင်ကြာမြိုင် ပိုင်ရှင် ဆာဂီပရီတို ကဆိုတယ်။

အမ်မာ ဟာ မျက်တောင်ခတ်နိုင်စွမ်းရှိတဲ့အပြင် သူ့ရဲ့တွဲဖက်အမျိုးသားအသည်းခိုက်စေမယ့် စကားလုံးလေးတွေကိုလည်းရွေးပြီးပြောတတ်ပါသေးတယ်တဲ့။ အမ်မာရဲ့ အချိုးအဆစ်တွေက စိတ်ကြိုက်လိုသလိုကွေးညွတ်နိုင်တာကြောင့် ကိုယ်ကြိုက်တဲ့အနေအထားကိုလိုက်ပြီးအသုံးပြုလို့လည်းရပါသေးတယ်လို့ ဆာဂီကဆိုပါတယ်။

လောလောဆယ်မှာတော့ အမ်မာ က prototype ( ရှေ့ပြေးနမူနာ ) အဆင့်ပဲရှိသေးတာကြောင့် Lumidolls မှာပဲ တစ်နာရီကို ၁၀၇ ဒေါ်လာနဲ့ပျော်ပါးနိုင်ဦးမှာပါ။ အရေအတွက်များများထုတ်လုပ်လာမယ်ဆိုရင်တော့ အမ်မာလိုမျိုး AI နည်းပညာနဲ့စက်ရုပ်မလေးတွေရဲ့တန်ဖိုးဟာ တစ်ရုပ်ကိုဒေါ်လာ ၆၀၀၀ လောက်ရှိသွားနိုင်ပါတယ်။ တကယ်လို့ အမ်မာ လို ဆီလီကွန်မလေးတွေ အရေအတွက်သန်းနဲ့ချီထုတ်လုပ်လာမယ်ဆိုရင်တော့ဖြင့် အဖော်မရှိသူ၊ အဖော်မရှာလိုသူ၊ တစ်ကိုယ်တည်းနဲ့ကဲချင်သူ၊ FA တွေအတွက်တော့ မဟာသတင်းကောင်းကြီးတစ်ခုဖြစ်ပါကြောင်း ….

Gabriel
Ref : news.google.com








we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။