Ariana Grande နဲ့Pete Davidsonတို့စုံတွဲအမှန်တကယ်ပြတ်စဲသွားကြပြီလား

  ပရိသတ်အချစ်တော်ကမ္ဘာကျော်အဆိုတော်မလေး Ariana Grande ရဲ့ အချစ်ရေးအပြောင်းအလဲကတော့ ပရိသတ်တွေအတွက်အံ့အားသင့်စရာပါပဲ။သူမဟာ Pete Davidson နဲ့ တွဲနေတာသိပ်မကြာသေးခင်မှာပဲ ဇွန်လအတွင်းမှာ  မြန်မြန်ဆန်ဆန်ပဲစေ့စပ်ခဲ့သလို သူမတို့အတွဲဟာအမြဲတစ်တွဲတွဲနဲ့တကယ့်ကိုအားကျစရာပါ။ 

   အရမ်းချစ်ကြတဲ့သူမတို့နှစ်ယောက်ရဲ့လပ်ထပ်မဲ့သတင်းကို ဘယ်တော့များကြားရမလဲလို့ ပရိသတ်တွေကမျှော်လင့်နေခဲ့တာပါ။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ အဆုံးသတ်သွားပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

   နှစ်ယောက်လုံးဆင်တူထိုးထားတဲ့ တက်တူးလေးကတော့ ဒီလိုပုံစံဖြစ်သွားတာကိုသတိထားမိတဲ့သူတွေ ရှိခဲ့ကြပါတယ်။

ဒါဟာ Ariana နဲ့ကြာရှည်တွဲခဲ့ဖူးတဲ့ချစ်သူဟောင်း Mac Miller သေဆုံးပြီးနောက်ပိုင်းမှဖြစ်တာကြောင့် ဒီအကြောင်းနဲ့လည်းပက်သက်တယ်လို့ပြောနေကြပါတယ်။

Refere:cosmopolitan

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။