မိသားစုထဲ မိသားစုဝင်တစ်ယောက် ထပ်ရောက်လာဦးမယ်လို့ ပြောလိုက်တဲ့ အာဇာနည်

ပရိတ်သတ်တွေရဲ့ အသည်းစွဲ အဆိုတော် အာဇာနည်ဟာ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းကို အခိုင်အမာရရှိထားတဲ့အပြင် သာယာပျော်ရွှင်ဖွယ် မိသားစုလေးကိုလဲ ပိုင်ဆိုင်ထားသူပါ။ သားလေး(၂)ယောက်ကို ပိုင်ဆိုင်ထားတဲ့ အာဇာနည်ဟာ အောက်တိုဘာလ (၁၅)ရက်နေ့က သူ့လူမှုကွန်ယက်ပေါ်မှာ မကြာခင်မှာ သူ့တို့ရဲ့ မိသားစု ဘဝထဲကို မိသားစုဝင်တစ်ယောက် ရောက်ရှိလာတော့မယ်ဆိုပြီး ပရိသတ်တွေကို ပြောပြထားတာတွေ့ရပါတယ်။


“ ပရိသတ်ကြီးကို ကျွန်တော်တို့ ကြေညာစရာတစ်ခုရှိပါတယ်။ ကျွန်တော်တို့မိသားစုထဲကို မိသားစုဝင်သစ်တစ်ယောက် မကြာခင် ရောက်ရှိလာပါတော့မယ်။ အောက်တိုဘာ (၂၂)ထိမစောင့်နိုင်တော့ရင် ဘာများဖြစ်မလဲ ပြောပြကြည့်ပါဦး ” ရေးသားထားကို တွေ့ရပါတယ်။

သူရဲ့ ပရိတ်သတ်တွေ၊ သူငယ်ချင်းတွေ အားလုံး ဝမ်းသာပီတိဖြစ်ရတဲ့အပြင် အားကျဝမ်းသာတွေဖြစ်နေကြတာကိုလည်း Comment တွေမှာ တွေ့ရပါတယ်။

 အဆိုတော် အာဇာနည်ဟာ ဝမ်းနဲ့ ဘဝတစ်ခုကို အတူတူလက်တွဲခဲ့ပြီး အခုဆိုရင် အိမ်ထောင်သက် (၁၃)နှစ်တောင် ရှိခဲ့ပြီး သားနှစ်ယောက်လည်း ထွန်းကားခဲ့ပါတယ်။


သားနှစ်ယောက်ရဲ့ မိခင် ဖခင်ဖြစ်တဲ့ အာဇာနည်နဲ့ ဝမ်းတို့ရဲ့ မိသားစုလေးက အရင်ထက် ပိုပြီးပျော်ရွှင်ကြည်နူးဖို့ ကောင်းမှာမို့ ပရိတ်သတ်ကြီးကလဲ မွေးဖွားလာမယ့်နေ့ကို စောင့်နေကြပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။