TV Remote ခိုးမိလို့ ထောင် (၂၂)နှစ်ကျသွားတဲ့ သူခိုး

Eric Bramwell ဆိုတဲ့ အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦးဟာ တိုက်ခန်းတွဲတစ်ခုက TV Remote တစ်ခု ခိုးယူခဲ့ပြီးနောက် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၂၂)နှစ်ကျခံလိုက်ရပါတယ်။ ဒီအမျိုးသားဟာ ခိုးယူမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သိရှိခဲ့တဲ့အတွက် Eric Bramwell ဟာ ချမှတ်ခံရတဲ့ထောင်ဒဏ်ရဲ့ တစ်ဝက်ကိုတော့ အနည်းဆုံးကျခံရမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်၊ ဝီတန်မြို့က လူနေအိမ်ရာတစ်ခုကနေ TV Remote ခိုးယူခဲ့တဲ့ အသက် (၃၅)နှစ်အရွယ် Eric Bramwell ဟာ သူ့ရဲ့ DNA ကို ခြေရာခံနိုင်တဲ့ လက်အိတ်တစ်ခုကျန်ခဲ့တာ ဖြစ်ပါတယ်။ Eric Bramwell ဟာ ယင်းဧရိယာအတွင်းရှိ အခြားလူနေအဆောက်အဦတွေကလည်း ခိုးယူမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တဲ့ ပြစ်မှုတွေ တသီတတန်း ရှိနေခဲ့ပါတယ်။

“ ဘယ်လိုပစ္စည်းမျိုးကိုပဲ ခိုးပါစေ မစ္စတာဘရမ်ဝဲလ်ဟာ ဥပဒေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ် ” လို့ ပြည်နယ်ရှေ့နေ ရောဘတ်ဘာလင်က ခုံရုံးကို လျှောက်တင်ခဲ့ပါတယ်။ အခုတော့ အဆိုပါ ခိုးသူကို ထောင်ဒဏ် (၂၂)နှစ် ချမှတ်လိုက်ပြီး အနည်းဆုံး ပြစ်ဒဏ်ရဲ့တစ်ဝက်ကို ထောင်ထဲမှာ နေရမှာ ဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။