
ပြိုင်ပွဲနဲ့ပက်သက်ပြီးပရိသတ်တွေကိုရွှေအိမ်စည်ပြောလိုက်တဲ့ကတိစကား
ရွှေအိမ်စည်ကတော့ပရိသတ်တွေအကြိုက်ဆုံးအလှမယ်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။သူမဟာလက်ရှိ
Miss Supranational Myanmar 2018 တစ်ယောက်ဖြစ်ပြီး အလှမယ်တစ်ယောက်အနေနဲ့ အရမ်းကိုကြိုးစားမှုရှိတာကြောင့် ပြိုင်ပွဲနဲ့ပက်သက်ပြီးပရိသတ်တွေကအရမ်းကို မျှော်လင့်နေတာပါ။ ပြိုင်ပွဲနီးလာတဲ့အချိန်မှာ သူမအနေနဲ့ ပြိုင်ပွဲအတွက်ပြင်ဆင်နေရသလို စိတ်ဖိစီးမှုလည်းများနေမှာပါ။
Crd:ShweEainSi
အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူမကတော့ ဒီနေ့မှာ ပြိုင်ပွဲနဲ့ပက်သက်ပြီး MGLM Pageမှာ ပိုစ့်တစ်ခုတင်ထားပါတယ်။
Crd:ShweEainSi
“အိမ်စည် Miss Supranational Pageant ကို သွားမယ့်ရည်ရွယ်ချက်က Crown ရပြီး နာမည်ကြီးဖို့အတွက် မဟုတ်ဘူး...
မြန်မာကို အကောင်းဆုံး ကိုယ်စားပြုနိုင်ဖို့ပဲ ရည်ရွယ်တယ်...
မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းကို အကောင်းဆုံး ထုတ်ဖော်ပြသဖို့အတွက်ပဲ သွားရောက်မှာပါ...
အိမ်စည် Career မှာ အတိုင်းအတာတစ်ခု နေရာတစ်ခုရပြီး ရပ်တည်နေနိုင်ပေမယ့် ဒီ Pageantry ကို ပြန်ဝင်လာတာကလည်း ကိုယ်ဝါသနာပါတဲ့အရာဖြစ်သလို Pageant Fan တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက်ပါပဲ...
ပြိုင်ပွဲအတွက် အိမ်စည့်ကို Vote ပေးကြပါဦးတို့... Like & Share လုပ်ပေးကြပါဦး... ဆိုပြီး Fan တွေကို တောင်းဆိုတာတွေ လုပ်မှာမဟုတ်ဘူးဆိုတာကိုလည်း ခုကတည်းက ကြိုတင်ပြီး အသိပေးထားချင်ပါတယ်...
ကြိုးစားမှုနဲ့ အရည်အချင်းကို အသိမှတ်ပြုရင် Fan တွေဘက်က သူ့အလိုလို အိမ်စည့်ကို အားပေးကြလိမ့်မယ်လို့ ယုံကြည်ထားပြီးသားပါ... ခုချိန်ထိ အမြဲဝန်းရံပြီး ချစ်ပေးနေကြလို့လည်း ကျေးဇူးတင်ပါတယ်...
ပြိုင်ပွဲမှာ ဆုပေးခြင်းမပေးခြင်းဟာ အဖွဲ့အစည်းနဲ့ ဒိုင်တွေရဲ့အပိုင်းဖြစ်ပြီး ကိုယ့်အရည်အချင်းကို အကောင်းဆုံးချပြရမှာက အလှမယ်ရဲ့ အပိုင်းဖြစ်တယ်...
ဒါကြောင့် Crown ယူခဲ့ပါမယ်တို့ ဆုတွေသယ်လာပါ့မယ်တို့ ကိုယ့်အပိုင်းမဟုတ်တဲ့အရာတွေကို အာမခံချက်ပေးမှာမဟုတ်ပါဘူး...
အိမ်စည့်ဘက်က အာမခံနိုင်တာကတော့ နိုင်ငံအတွက် အကောင်းဆုံး ကိုယ်စားပြုခဲ့ပါမယ် ဆိုတာပါပဲ...
ကိုယ့်အပိုင်းကိုယ်ပဲ အာမခံနိုင်ပါတယ်...
Crown ရခဲ့ရင် နိုင်ငံတကာအဖွဲ့အစည်းနဲ့ လက်တွဲလုပ်ဆောင်ခွင့်ရပြီး Supra Brand ကို အိမ်စည့်အနေနဲ့ အကောင်းဆုံး Promote လုပ်ပေးနိုင်လိမ့်မယ်...
ပြိုင်ပွဲမှာ အရည်အချင်းကို အသိမှတ်ပြုမခံခဲ့ရရင်လည်း
Queen MGLM is Queen MGLM ပါပဲ...
ဒီထက် ပိုအောင်မြင်အောင် ကြိုးစားပြီး
ပိုမိုတောက်ပတဲ့ အနာဂတ်တွေဟာ Queen MGLM အတွက် အမြဲရှိနေပါတယ်...
Fan တွေ စိတ်မပျက်စေရ...
Shwe Eain Si
Miss Golden Land Myanmar 2018”ဆိုပြီးရေးထားတာပါ။
Crd:ShweEainSi
ပြတ်ပြတ်သားသားနဲ့ရဲရဲရင့်ရင့်ပြောလေ့ရှိတဲ့ သူမကတော့ အခုတစ်ခါလည်း ပရိသတ်တွေကိုအလေးထားကြောင်း၊အကောင်းဆုံးကြိုးစားမှာဖြစ်ကြောင်းကိုရေးသားထားပါတယ်နော်…။
အကောင်းဆုံးကြိုးစားယှဉ်ပြိုင်နိုင်ပါစေ အိမ်စည်ရေ…..။
Crd:MGLM Page
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။