ဘယ်လို အချက်မျိုးတွေက သင့်ကို depression ဝင်တဲ့အထိဖြစ်စေနိုင်လဲ

ဒီအချက်တွေက တခါတလေ ဖြစ်တာလောက်နဲ့တော့ စိတ်ကျရောဂါမဖြစ်စေနိင်ပါဖူး ဆိုလိုရင်းကတော့ အမြဲတမ်းလိုလို depression ဝင်နေတယ်လို့ ခံစားနေရတဲ့သူတွေ အတွက်သာဖြစ်ပါတယ်။

အရမ်း စိတ် ပင်ပန်း တယ်လို့ ခံစားနေရမယ်။


အချိန်တိုင်း Feeling တွေ down နေတတ်တာလဲ မကောင်းဖူး။ တွေဝေနေပြီး အမြဲတမ်း ဘာလုပ်လို ဘာကိုင် ရမှန်းမသိ ဘာဖြစ်ချင်တာမှန်းတောင် မသိတဲ့အခိုက်အတန့်ကနေ စဖြစ်တာဘဲ။


အတွေးလွန် နေမယ် ။


အတွေးလွန်တာကတော့ သေချာပါတယ် ကိုယ်ကိုကိုယ် စိတ်ပျက်ပြီး အတွေးလွန်တာပေါ့
မိန်းကလေးတွေအတွက်ကတော့ ကိုယ်Body အနေတော်ဘဲလို့ သူများတွေက ပြောကြပေမဲ့ ကိုယ်တိုင်ကတော့ အရမ်းဝလွန်းနေတယ်… ဒါမှမဟုတ် ပိန်လွန်းနေတယ်..လို့ ခံစားကြတယ် ။ စိတ်တိုင်းမကျဖြစ်လာမယ် နောက်ဆုံး  စိတ်ပျက်လာတယ်. ဒါကဘာမဟုတ်တဲ့သေးသေးလေးကနေ စမိရင်း depression အထိပါဖြစ်ရော။


အာရုံစူးစိုက်လွန်နေမယ်။


Depression ဖြစ်တာနဲ့ ပက်သတ်ပြီး ဆရာဝန်တွေပြောတဲ့ အထဲမှာ အရမ်းအာရုံစူးစိုက်တာ များလို့ ဖြစ်သွားတာလဲ ပါတယ်။ တော်ရုံမဟုတ်ဘဲ တခုခုကို အာရုံအရမ်းထားနေရင် ..ဥပမာ စာအုပ်ကြီးလိုတော့ တသတ်မှတ်တည်း တခုတည်းကိုဘဲ လုပ်မနေသင့်ဖူး။ သင်ဟာ စိတ်ကိုလွတ်လွတ်လပ်လပ်ထားတတ်ရမယ် အာရုံစူးစိုက်မလွန်မိပါနဲ့


ဒေါသထွက်တာလွန်မယ်။


အရာရာကိုစိတ်ထဲထားပြီး အမှားတွေ့သမျှကို ဒေါသလိုက်မထွက်ပါနဲ စိတ်ကို မချူုပ်တည်းနိုင်ဘဲ ချက်ချင်းကြီး ဒေါသထွက်ပြီး ပစ္စည်းတွေပေါက်ခွဲတာ စာရွက်ဖြဲတာ လုပ်တာများရင် အဲ့အကျိုးရလဒ်က depression ကို ဖြစ်စေတာဘဲ

နေထိုင်မကောင်းသလို ခံစားရမယ်



ရုတ်တရက် ငါဖျားနေတာလား.. စိတ်လဲ မပါဖူး ဘာမှမလုပ်ချင်ဖူး ဆိုပြီး သက်ပြင်းချရင်း စိတ်ကို လေ့လွင့်မိတဲ့ သူတွေ။ တကယ်တော့ သူတိုအကောင်းကြီးပါ ..နေထိုင်မကောင်းချင်ဖြစ်တာလဲမဟုတ်သလို စိတ်ဓာတ်စပြီး ကျလာပြီဆိုရင် အဲ့လိုမျိုး စပြီးခံစားရလာတာဘဲ.အဲလိုဖြစ်လာရင် ကိုယ့် feeling ကို ဖျောက်ပစ်အောင် တနေရာရာက်ု သွားလိုက်ပါ..။

ကဲ သင်ရော ဒီအချက်တွေထဲက ဘယ်လိုမျိုးခံစားနေရလဲ ဒီလိုမျိုးတွေဖြစ်နေပြီဆိုရင်တော့ စိတ်ကျဝေဒနာ စတင်နေပါပြီ။ ကိုယ်ကိုကိုယ် အတတ်နိုင်ဆုံး ပျော်အောင်နေကြပါလို့ ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။