သင့်အသက် ၂၀ မကျော်ခင် သူငယ်ချင်းတွေနဲ့တူတူ ပြုလုပ်သင့်တဲ့အရာ (၆)ခု

သင့်အနေနဲ့ အသက်၂၀ ဒါမှမဟုတ် ၂၀ မကျော်သေးဘူးဆိုရင်တော့ ဒီအောက်ကအချက်တွေကို တစ်ခုချင်းစီ သင့်သူငယ်ချင်းတွေနဲ့ တူတူလုပ်ကြည့်သင့်ပါတယ်…။အသက် ၂၀ကျော်သွားတဲ့အခါမှာ လုပ်ငန်းခွင်ဝင်တာတို့တွေကြောင့် သူငယ်ချင်းတွေ ခဏတိုင်းမတွေ့ဖြစ်တော့တာ၊ အလုပ်ကိစ္စတွေနဲ့ ရှုပ်နေမှာတွေကြောင့် သင့်အနေနဲ့ လူငယ်ဘဝလေးမှာ ဒါလေးတွေကိုလုပ်ကြည့်သင့်ပါတယ်...။

1. ကားတစ်စီးနဲ့ မြို့ထဲကိုတူတူလျှောက်လည်ပြီး လှတဲ့နေရာလေးတွေတွေ့ရင် ဓာတ်ပုံဆင်းရိုက်ပါ…။ ဒီလိုပဲတစ်နေကုန်အောင်လျှောက်လည်လိုက်ပါ…။

2. EDM Festival တွေကိုတူတူသွားပါ…။ EDM Fashion Style လေးတွေဝတ်၊ ပွဲတစ်လျှောက်လုံး သူငယ်ချင်းတွေနဲ့အတူတူ သီချင်းတွေနဲ့ကခုန်ရင်း မမေ့နိုင်တဲ့ပျော်ရွှင်စရာအချိန်လေးကို ဖန်တီးနိုင်ပါတယ်…။

3. သူငယ်ချင်းတွေနဲ့အတူတူ ပိုက်ဆံစုပြီးပြည်ပခရီးထွက်ပေးပါ…။ ပြည်ပခရီးထွက်တဲ့အခါမှာ ယဉ်ကျေးမှုမတူတာတွေ၊ နေရာဒေသအသစ်ကို ရောက်သွားတာတွေကြောင့် စိတ်လှုပ်ရှားစရာကောင်းပြီး၊ တလွဲဖြစ်တာလေးတွေကို အမှတ်တရနဲ့အမြဲသတိရနေမှာဖြစ်ပါတယ်…။

4. တစ်လလောက်ပဲဖြစ်ဖြစ် သင်ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ အိမ်တစ်အိမ်ငှားပြီးနေကြပါ…။
အတူတူချက်ပြုတ်စားသောက်ပြီး ညဘက်တွေဆိုလည်းစကားလေးတွေပြော တူတူအိပ်ပြီး မမေ့နိုင်တဲ့ပျော်စရာလေးတွေကိုဖန်တီးလိုက်ပါ…။

5. Night Out တူတူထွက်ပါ…။ အိမ်ကမရရင်ခိုးထွက်ပါ...။
အဆူခံရမယ်ဆိုပေမယ့် ကိုယ့်သူငယ်ချင်းတွေနဲ့ စွန့်စားပြီးသွားရတာကြောင့် တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းပြီး ပျော်ဖို့ကောင်းပါတယ်… ။
နောက်တော့တူတူဆူခံကြပေါ့ :D

6. သင့်သူငယ်ချင်းမိန်းကလေးတွေပဲစုပြီး Wedding Dress လေးတွေနဲ့အလှဓာတ်ပုံရိုက်ပါ…။
ယောက်ျားလေးတွေနဲ့တော့တွဲမရိုက်မိစေနဲ့နော်… ရည်းစားတွေသိသွားရင်မကောင်းဘူး ။
 ရိုးရိုးဓာတ်ပုံမဟုတ်ပဲ အကုန်လုံးကအလှဆုံး Wedding Dress လေးတွေနဲ့ဆိုတော့… အမှတ်တရအနေနဲ့ကျန်ခဲ့တာပေါ့…။