မှဲ့အကြောင်း သိကောင်းစရာ

မှဲ့လေးတွေက ပြောတဲ့ အကြောင်းလေးတွေ သိချင်ကြလား…။
ဒီနေ့တော့ မှဲ့နဲ့ပတ်သတ်တဲ့ အကြောင်းလေးတွေ ပြောပြပေးမယ်နော်...။


ညာဘက်နှဖူး

ညာဘက်နှဖူးမှာ မှဲ့ရှိရင် ချမ်းသာကြွယ်ဝတတ်တယ်…လူအများကြားတွင် ကျော်ကြားမယ်…အောင်မြင်မယ်။

ညာဘက်မျက်ခုံး

ညာဖက်မျက်ခုံးပေါ်မှာ မှဲ့ရှိတဲ့သူတွေကတော့ အလွန်နိုးကြားသွက်လက်တဲ့ ဘဝကို ပိုင်ဆိုင်ပြီး စွန့်စွန့်စားစားလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်တတ်ပါတယ်။

မျက်ခုံးအောက်
မျက်ခုံးအောက်မှာ မှဲ့ရှိရင်တော့ တီထွင်နိုင်စွမ်းရှိပြီး ဉာဏ်ရည် ဉာဏ်သွေး ထက်မြတ်သူဖြစ်တယ်။


ညာဘက်မျက်လုံးထဲ
ညာဘက်မျက်လုံးထဲမှာ မှဲ့ရှိခဲ့ရင်တော့ ပိုက်ဆံအလွယ်တကူဝင်တတ်တယ်….ချမ်းသာတတ်ပါတယ်။


နှုတ်ခမ်း..
နှုတ်ခမ်းပေါ်မှာ မှဲ့ရှိတဲ့သူတွေကတော့ ဘဝမှာအမြဲတမ်းရည်မှန်းချက်ကြီးစွာနဲ့ ရှေ့ဆက်ရတတ်ပါတယ်။

နှာခေါင်းပေါ်
နှာခေါင်းပေါ်မှာ မှဲ့ရှိရင်တော့ ကလူတတ် (မြှူတတ်)ပြီး စိတ်တိုလွယ်တတ်ပါတယ်။

လည်ပင်း
လည်ပင်းမှာ မှဲ့ရှိတဲ့သူတွေကတော့ ကောင်းမွန်ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်တဲ့သူတွေပဲဖြစ်ပါတယ်။

ဘယ်ဘက်လက်မောင်းအောက်
ဘယ်ဘက်လက်မောင်းအောက်မှာ မှဲ့ရှိတဲ့သူတွေကတော့ ကြီးမားစွာ ရုန်းကန်လှုပ်ရှားရတယ်…။ သို့သော်လည်း ကောင်းစွာ ဆုချီးမြှင့်ခံရတတ်ပါတယ်။


လက်ကောက်ဝတ်
လက်ကောက်ဝတ်မှာ မှဲ့ရှိရင် အကြံအဖန်ကောင်းများ ထွက်တတ်တယ်…။ ခြိုးခြံချွေတာပြီး စည်းကမ်းကြီးတယ်…။ စိတ်ချယုံကြည်နိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။

ပုခုံး
ပုခုံးမှာ မှဲ့ရှိတဲ့သူတွေကတော့ တာဝန်တွေကို ထမ်းဆောင်ရတတ်တယ်…။ လက်တွေ့အသုံးချတတ်တယ်…လုပ်ငန်းတွေကို စီမံဆောင်ရွက်တတ်သူဖြစ်တယ် ။

ရင်ဘတ်
ရင်ဘက်မှာ မှဲ့ရှိရင် ပျင်းရိတတ်သူဖြစ်တယ်…။ ဘဝမှာ စည်းစိမ်ဥစ္စာ ဇိမ်ခံပစ္စည်းတွေနဲ့ နေရတာကို ကြိုက်နှစ်သက်သူလဲဖြစ်တယ် ။


ရင်သား
ရင်သားပေါ်မှာ မှဲ့ရှိခဲ့ရင် ယောကျ်ားလေးဆို ပြောင်းလဲလွယ်တယ်..မိန်းကလေးဆို လူမှုရေးအဆင့်အတန်းအတွက် ကြိုးစားအားထုတ်သူဖြစ်တယ် ။

တင်ပါး
တင်ပါးပေါ်မှာ မှဲ့ရှိခဲ့ရင်တော့ ရည်မှန်းချက်မကြီးတတ်ဘူး…။ ဒါပေမယ့် အပေါင်းအသင်းများတယ်..အကုန်လုံးနဲ့ သင့့်မြတ်အောင်နေထိုင်တတ်တယ်။

တင်ပဆုံ
တင်ပဆုံတစ်လျှောက်မှာ မှဲ့ရှိရင် တင်းတိမ်ရောင့်ရဲတတ်တတ်တယ်…သတ္တိရှိတယ် ။

ခြေဖဝါး
ခြေဖဝါးမှာ မှဲ့ရှိရင် ခရီးသွားဖို့အခွင့်အရေးတွေ ဆုံးရှုံးရတတ်တယ်…စူးစမ်းရှာဖွေတတ်တယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။