မန်ယူကိုပိုက်ဆံတွေမတန်တဆပေးဝယ်ဖို့လုပ်နေတဲ့ ဆော်ဒီမင်းသားဆယ်လ်မန်ရဲ့ရည်ရွယ်ချက်

ဆော်ဒီအာရေးဘီးယားနိုင်ငံကို လက်ရှိမှာအုပ်ချုပ်နေတဲ့ မင်းသား မိုဟာမဒ် ဘင်ဆယ်လ်မန် နဲ့ မိသားစုဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း ကိုမတန်တဆဈေးတွေပေးပြီးဝယ်ယူသွားဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဆယ်လ်မန် ဟာ မန်ယူအသင်းရဲ့ပိုင်ရှင်ဖြစ်သူ ဂလေဇာ နဲ့တွေ့ဆုံခဲ့သေးတယ်လို့သတင်းတွေထွက်လာခဲ့တယ်။ ဆယ်လ်မန် ဟာ လေကြောင်းလိုင်းတွေနဲ့ရေနံတွင်းတွေ၊ အိမ်ခြံမြေလုပ်ငန်းတွေအများကြီးပိုင်ဆိုင်သူဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ပေါင် ၈၅၀ ဘီလျံလောက်ရှိတယ်လို့သိရပါတယ်။ ဆယ်လ်မန် အနေနဲ့ မန်ယူအသင်းကို ပိုက်ဆံတွေမတန်တဆပေးပြီး ဝယ်ချင်နေရတဲ့အကြောင်းဟာ ကာတာစော်ဘွားတွေနဲ့ပြိုင်ဆိုင်ဖို့ဖြစ်ပြီး ပီဂျီအက်စ်ပိုင်ရှင် ကာတာစော်ဘွား နဲ့ မန်စီးတီးပိုင်ရှင်ယူအေအီးစော်ဘွားတို့နဲ့ အပြိုင်ဘောလုံးလောကမှာ ထိပ်သီးအင်အားကြီးသူတွေဖြစ်လာဖို့ရည်ရွယ်ချက်ဖြစ်တယ်။
ဆယ်လ်မန် က မန်ယူကိုပေါင် ၄ ဘီလျံပေးပြီးဝယ်ဖို့လုပ်နေတာပါ။ တကယ်တမ်းမှာ အသင်းရဲ့လက်ရှိတန်ကြေးက ပေါင် ၂.၇ ဘီလျံလောက်သာဖြစ်တာမို့ အဲလောက်များပြားတဲ့ပမာဏနဲ့ရောင်းချဖို့အတွက်ကို ဂလေဇာမိသားစုကလည်းစောင့်ကြည့်နေဆဲပါ။

မန်ယူဖန်တွေဟာ ပြီးခဲ့တဲ့နှစ်တွေများစွာကတည်းက အသင်းပိုင်ရှင်ပြောင်းဖို့အလိုရှိနေကြတာဖြစ်ပြီး ဂလေဇာမိသားစုတွေကိုဆန္ဒပြမှုတွေရှိနေခဲ့ပါတယ်။

Gabriel





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။