ဘဝမှာမမျှော်လင့်ထားတဲ့အပြောင်းအလဲတွေကိုကြုံရတဲ့အခါဘာလို့ကြောက်ရွံ့မနေသင့်တာလဲ

 လူတော်တော်များများကအပြောင်းအလဲကိုကြောက်ကြပါတယ်။လက်ရှိအခြေအနေကနေပိုဆိုးဝါးသွားမှာ ကိုယ်ချစ်တဲ့သူကကိုယ်အနားကထွက်သွားမှာ စသဖြင့်တည်ငြိမ်နေတဲ့အခြေအနေတစ်ခုကနေ ပိုမိုစွန့်စားရမဲ့ အခြေအနေမျိုးကိုကြုံရမှာကြောက်တတ်ကြပါတယ်။

  လောကမှာ “မပြောင်းလဲတာတစ်ခုက အပြောင်းအလဲ” ဆိုတဲ့ စကားရှိပါတယ်။ဒါဟာတကယ်လည်း အမှန်တရားပါပဲ။အချိန်တွေဟာပြောင်းလဲမယ် လူတွေရဲ့စိတ်နေ စိတ်ထား၊အခြေအနေ အစစအရာရာကတော့ ရပ်တန့်မသွားပဲပြောင်းလဲနေတာပါ။

    ဒါကြောင့်လက်ရှိအခြေအနေကနေပြောင်းလဲမှုတွေကိုကြုံရရင်စိတ်မပျက်ပါနဲ့နော်။ချစ်သူကထားသွားတာပဲ

ဖြစ်ဖြစ်၊အလုပ်ပြောင်းရတာပဲဖြစ်ဖြစ်၊မိသားစုနဲ့ခွဲခွာရတဲ့အခြေအနေပဲကြုံကြုံစိတ်မပျက်ပါနဲ့။တချို့သောနာကျင်စရာတွေက ကိုယ့်ကိုပိုမိုကြံ့ခိုင်လာစေပါတယ်။

အခက်အခဲတွေကိုကျော်လွှားလိုက်ခြင်းအားဖြင့် နောက်ထပ်ကြုံ လာရမဲ့အရာတွေနဲ့ပက်သက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာစေပါတယ်။နောက်တစ်ချက်ကတော့ အဲ့ဒီလိုဆိုး ဆိုးဝါးဝါးအပြောင်းအလဲတွေကြောင့်ပဲပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုတွေ့နိုင်တယ်ဆိုတာပါ…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။