( ၁၂ ) နှစ်သမီးလေး Akama ကို ( ၆ ) နှစ်တိတိစောင့်ခဲ့ပြီးနောက်ဆုံးမှာလက်ထပ်ခွင့်ရတော့မယ့် အဆိုတော် Zhang

သူတို့စုံတွဲလေးက သူများတွေထက်ပိုထူးခြားပြီး ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ ဘာကြောင့်စိတ်ဝင်စားဖို့ကောင်းသလဲဆိုရင် အဆိုတော်ကောင်လေးဖြစ်တဲ့ Zhang Muyi ( ကျန်းမုယီ ) နဲ့ ကောင်မလေးဖြစ်တဲ့ Akama Miki ( အာကာမာ မီကီ ) အသက် နှစ်ဆလောက်ကွာတဲ့ ချစ်သူစုံတွဲတွေဖြစ်နေလို့ပါပဲ။ သူတို့တွေချစ်သူစဖြစ်ချိန် ၂၀၁၂ လောက်က ကျန်း ရဲ့အသက်ဟာ ၂၄ နှစ်ဖြစ်ပြီး မီကီ ရဲ့အသက်ဟာ အဲ့တုန်းက ၁၂ နှစ်ပဲရှိပါသေးတယ်။
အသက်အရွယ်အနေနဲ့ ၁၂ နှစ်ကွာခြားသလို မီကီ ဟာအရမ်းငယ်သေးတာကြောင့် ပရိသတ်တွေ၊ လူတွေရဲ့ဝေဖန်မှုကို ကျန်း တစ်ယောက်အတော်ခံခဲ့ရပြီး တစ်ချို့ဆိုရင် ကျန်း ကို ကလေးသူငယ်ဖျားယောင်းသွေးဆောင်မှုနဲ့တရားစွဲပစ်မယ်လို့ခြိမ်းခြောက်မှုတွေတောင်ရှိခဲ့ပါတယ်။

မီကီ အသက် ( ၈ ) နှစ်လောက်ကတည်းက အဆိုတော် ကျန်း ဆီမှာ ဂီတပညာသင်ဖို့စတင်အပ်နှံခဲ့ပြီး သူတို့နှစ်ယောက်စတင်တွေ့ဆုံခဲ့တယ်။ ၂၀၁၂ မှာတော့ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေပြီဆိုပြီး ကြေငြာခဲ့ပါတယ်။ မီကီ ဟာ တရုတ် နဲ့ ဂျပန်သွေးနှောဖြစ်ပြီး ကျန်း ကတော့ တရုတ်လူမျိုးစစ်စစ်ပါ။ မီကီ ရဲ့မိဘတွေက သူမကိုငယ်ငယ်ကတည်းက ကနေဒါနိုင်ငံမှာပညာသင်စေခဲ့ပြီးနောက်မှာတော့ မီကီ ဟာ ဖက်ရှင်မော်ဒယ်လ်ပေါက်စလေးအဖြစ်လမ်းကြောင်းပေါ်ရောက်လာခဲ့တာဖြစ်တယ်။

လက်ရှိမှာတော့ မီကီ တစ်ယောက် အသက် ( ၁၉ ) နှစ်ကိုရောက်ရှိလာခဲ့ပါပြီ။ သူမအနေနဲ့ ချစ်သူ ကျန်း နဲ့မွေးနေ့တွေများစွာကိုတူတူဖြတ်သန်းခဲ့သလို ကျန်း ဖန်တီးပေးထားတဲ့သီချင်းလေးတွေလည်းသီဆိုနေဆဲပါ။ မီကီ ဟာ တရုတ်လူမှုမီဒီယာ ဝီဘို မှာ follower ၅ သိန်းအထက်ရရှိထားသလို၊ အဆိုတော်၊ မော်ဒယ်လ်အပြင် သရုပ်ဆောင်တစ်ယောက်အဖြစ်ပါရပ်တည်နေတာဖြစ်တယ်။ လက်ရှိသူတို့ရဲ့ RS သက်တမ်းဟာ ( ၆ ) နှစ်ကျော်နေပြီဖြစ်ပြီး မကြာခင်မှာလက်ထပ်တော့မယ်လို့လည်းသတင်းတွေထွက်နေပါတယ်။

ကျန်း နဲ့ မီကီ တို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ အချစ်ဆိုတာ ကိန်းဂဏန်းတစ်ခုဆိုတာကိုဖော်ပြလိုက်တာဖြစ်သလို မိန်းကလေးတစ်ယောက်ကို မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တဲ့ ကျန်း ရဲ့အချစ်ဟာလည်း တကယ်ကိုချီးကျူးစရာကောင်းပါတယ်။

Gabriel
Ref : Chinadaily






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။