ကိုယ့်တင်ပါး ကိတ်တဲ့အကြောင်း လူသိအောင် မိန်းကလေးတွေဘာလို့ပြချင်ရတာလဲ

အရင်က Online မှာ ဖင်တပြပြနဲ့ ဓာတ်ပုံတင်တဲ့ မော်ဒယ်ယောင်ယောင်တွေ မော်မဒယ်တဒယ် တွေ တွေ့ရင် အံသြမိတယ် ၊
ဒီမိန်းမတွေ နေ့စဉ်ရက်ဆက် ဒီဖင်ကြီးပဲ ဘာလို့ ပြပြနေလည်းပေါ့ ...။

တစ်ခါတလေ ဆို ဖင်အတုလား အစစ်လား အငြင်းပွားမှုတွေလည်း နေ့တဒူဝ ဖြစ်ကြ ၊ အစစ်ပါဆိုပြီးလှန်ပြကြနဲ့ အို… ကြည့်ရတာ ဖင်ကြီးကို တစ်ကမ္ဘာတည်ထားသလိုပဲ ၊
နောက်ပိုင်းတော့ ကိုယ်လည်း သဘောပေါက်လာတာတစ်ခုက
လူတွေဟာ သူတို့မှာ ရှိတာလေးဆို ထုတ်ပြတတ်လေ့ရှိတယ်ဆိုတာပါပဲ ၊

ဥပမာပေါ့ စာပေဗဟုသုတ ရှိတဲ့ သူတွေဆို ၊ သူတိူ့မှာရှိတဲ့ ဒီဗဟုသုတလေးကိုထုတ်ထုတ်ပြတယ် ၊စာတွေရေး ၊ ဆောင်းပါးတွေရေး နဲ့ပေါ့ ။
ဒီလိုပဲ ငွေကြေးရှိသူများကြတော့လည်း ပစ္စည်းကောင်းတွေ သုံးပြတယ် နေရာအပျံစားတွေမှာ ဆယ်ဖီလ် အပျံစားတွေ နဲ့ ပြကြတယ် ။ သူတို့ရှိတဲ့ ငွေကို သွယ်ဝိုက်နည်းနဲ့ ပြကြတာပေါ့ ၊ တစ်ချို့ဆို ငွေထုပ်ကြီး ဒဲ့တင်တာပေါ့ ။
ဟော ငွေမရှိသူကြပြန်တော့လည်း ၊ သူတိူ့မှာ ရိုးဂုဏ်နဲ့ ပရဟိတစိတ်တော့ ရှိသဟဲ့ဆိုပြီး သွေးလှူတာတွေ တင် ၊ ပရဟိတလုပ်တာတွေပြ ၊ အလှူတွေခံပေါ ။
တစ်ချို့ကြတော့ ဝိတ်တွေမ ဗလကြီးတွေ ညှစ်ညှစ်ပြနဲ့ မှန်ဆယ်ဖီလ်တွေနဲ့ ပြရတာအမော။

ဒီနေရာမှာ စာပေဗဟုသုတကလည်းမရှိ ၊ ငွေကြေးကြတော့လည်း လောက်လောက်လားလား ပြစရာမရှိပရဟိတလည်း စိတ်မဝင်စား နဲ့ ဘာပြရမှန်းမသိ တစ်ခုခုကလည်း ပြချင်တဲ့အခာ ၊ သူတို့မှာ ကြီးနေတဲ့ ဖင်တစ်ခုထဲပြစရာရှိတော့ ဒီဖင်ပဲ ပြပြ ပြီး ဖင်ဂုဏ်မောက်နေကြရောပေါ့ ။
ဒီနေရာမှာ အံဖွယ်တစ်ခုက ဒီဖင်ပြတာနဲ့များ နာမည်ဟာ ဖင်လောက်ကြီးလာပြီဆိုရင်… တရုတ်သိုင်းစာအုပ်တွေထဲကလို မည်သို့မည်ပုံ လုပ်လိုက်သည် မသိ ဆိုသလို….
အပေါ်က မရှိခဲ့တဲ့ ငွေကြေးဟာလည်း အလိုလိုရှိလာပြီး နေရာအပျံစားတွေဘာတွေ သွားလာနိုင်လာတယ် ၊ အံမယ်ပရဟိတတွေ ဘာတွေဆိုလည်း ပါလာပြီလေ မြန်မာဝတ်စုံလေးဝတ်ပြီး ဖင်ပြဖို့အခွင့်အရေးကလည်း ဒီပရဟိတနဲ့ အလှူတွေမှာ ရောပြရသေးတာကို…..၊
အရင်ကခြေတောင် မလှမ်းဘူးတဲ့ ဒိတ်ဒိတ်ကျဲ Gym တွေလည်း သွားပြီး ဖင်ဆယ်ဖီလ်တွေ ရိုက်နိုင်လာတော့တာပဲ ။

ဒါပေမဲ့တစ်ခုပဲ ဖွံ့ဖြိုးမှု့က ဦးနှောက်အစား ဖင်ကိုအသားပေးသွားတော့ ဖင်အားကိုးနဲ့ ရှိလာတဲ့ အထဲမှာ စာပေဗဟုသုတနဲ့ ဉာဏ်ပညာတော့ ပါလားဘူးဗျ…..
ဒါကတော့ ဖင်ဋီကာ ရဲ့ ချွင်းချက်တစ်ခုလို ဆိုရမှာပဲ…..
ဒါပေမဲ့လည်းလေ ခေတ်ကိုက စာရှည်ရင်မဖတ်ဘူး အရုပ်ရွေးကြည့်မယ် ဆိုတဲ့ခေတ်ဆိုတော့ ဖင်ကြီးတွေက ပန်းပန်လျှက်ပါပဲ…… ။
ပြောပါရစေရိုက်ပေါက်တွေ

Crd : Thet Paing Tun fb










we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။