ဆံပင်အရှည်နဲ့ကောင်မလေးတွေကဘာလို့ဆွဲဆောင်မှုရှိနေတာလဲ

   ဆံပင်အရှည်နဲ့ကောင်မလေးတွေကဆွဲဆောင်မှုရှိတယ်လို့တော်တော်များများကပြောကြပါတယ်။

အလှဆိုတာတစ်ယောက်တစ်မျိုးစီဆိုပေမဲ့ ဆံပင်အရှည်မိန်းကလေးတွေရဲ့အလှက ပုရိသတွေကို ဖမ်းစားနိုင်တယ်ဆိုတာငြင်းမရပါဘူးနော်….။

    မြန်မာနိုင်ငံမှာလည်းအရင်တုန်းကတည်းကရှိခဲ့တဲ့ “မိန်းမတို့ဘုန်းဆံထုံး” ဆိုတဲ့ စကားလည်း ကြားဖူးတယ်မဟုတ်လား။ဒါကအရင်တုန်းကတည်းက အယူအဆတစ်ခုဖြစ်ပြီး အခုထက်ထိတိုင်လည်း ဆံပင်အရှည်နဲ့ကောင်မလေးတွေရဲ့အလှကို စာဖွဲ့ထားတဲ့သီချင်းတွေအများကြီးပါ။

       ဆံပင်အရှည်နဲ့ကောင်မလေးတွေဟာ ကျော့ရှင်းပြီးမိန်းမသားဆန်တယ်ဆိုတဲ့အချက်ကို လူတေ်ာတေ်ာများများက လက်ခံထားကြပါတယ်။ဆံပင်အရှည်နဲ့မိန်းမလှလေးတွေ ကိုတွေ့တဲ့အခါအကြည့်မလွှဲချင်လောက်အောင်လှနေတာတော့အမှန်ပါပဲ.။

       ဆံပင်ဆိုတာရှည်လာလေလေ ထိန်းသိမ်းရလေလေဖြစ်တာကြောင့်  ဆံပင်အရှည်နဲ့ ကောင်မလေးတွေဟာစိတ်ရှည်သည်းခံတတ်တာကိုပြသနေတာလည်းဖြစ်ပါတယ်။     

     ခေတ်စားနေတဲ့ဆံပင်ပုံစံ၊ဆံထုံး၊ပိုနီတေး၊ကျစ်ဆံမြီး စတဲ့ပုံစံမျိုးစုံကို ဆံပင်အရှည်နဲ့ကောင်မလေးတွေက စိတ်ကြိုက်ပြင်နိုင်ကြတယ်။ ဒါကြောင့် သူမတို့လေးတွေက စိတ်ကြိုက်ကိုလှနေနိုင်တာပါ။ဒါကြောင့် စတိုင်အမျိုးမျိုးပြောင်းလို့ရတဲ့ ဆံပင်အရှည်နဲ့ကောင်မလေးတွေက ဆွဲဆောင်မှုရှိတယ်လှတယ်ဆိုတာအမှန်ပါပဲနော်….။  

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။