သီတင်းကျွတ်အားလပ်ရက်တွေမှာ VIU နဲ့အတူတူစွန့်စားခန်းတွေစတင်လိုက်ရအောင်

သီတင်းကျွတ်အားလပ်ရက်တွေတဖြည်းဖြည်းနီးကပ်လာပါပြီ။

မီးရှုးမီးပန်းတွေ၊ ရောင်စုံမီးသီးတွေနဲ့အတူတူ ကိုယ်တို့ရဲ့သီတင်းကျွတ်အိပ်မက်လေးကလည်း ပိုပိုပြီးအသက်ဝင်လာတယ်။ ပိတ်ရက်တွေမှာဘာလုပ်ကြမလဲ ..။ သူများတွေလို ညဘက်လည်းအပြင်မထွက်ချင်၊ ခဏတဖြုတ်လေးလမ်းလျှောက်ပြီး အိမ်ထဲမှာနေကြမယ့် အိမ်တွင်းပုန်းလေးတွေအတွက်တော့ သီတင်းကျွတ်အားလပ်ရက်တွေက နှမြောစရာကြီးများဖြစ်သွားမလား ?

နိုးပါ … အဲ့ဒီလိုအရေးတွေကိုကြိုမြင်လို့ VIU က သူငယ်ချင်းတို့အတွက်ကြိုပြီးစီစဉ်ထားတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ VIU မှာ သူငယ်ချင်းသဘောကျကြိုက်နှစ်သက်မယ့် ဇာတ်ကားတွေကို အချိန်နဲ့အမျှတစ်ခုပြီးတစ်ခုမရိုးရ၊ မထပ်ရလေအောင် ကြည့်လို့ရတာပါပဲ။

သီတင်းကျွတ်ပိတ်ရက်ဟာ သူငယ်ချင်းအတွက် စွန့်စွန့်စားစားနဲ့သွားရမယ့်ခရီးရှည်ကြီးတစ်ခုဆိုပါစို့။ အဲ့ဒီစွန့်စားခန်းခရီးထဲမှာ သူငယ်ချင်းအတွက်ရင်ခုန်စိတ်လှုပ်ရှားစရာတွေအများကြီးရှိနေပါတယ်။ ခရီးကို ဟာသဇာတ်ကားလေးတွေနဲ့ပေါ့ပေါ့ပါးပါးစတင်ပြီး အက်ရှင်ကားကြမ်းကြမ်းတွေနဲ့ Tempo ကိုအမြင့်ဆုံးရောက်အောင်မြှင့်မလား … အောက်တိုဘာလို ဆောင်းဦးရာသီနဲ့ကွက်တိ Korea Drama လေးတွေကြည့်ရင်း ကြည်ကြည်နူးနူးလေးဖြတ်သန်းမလား … ဒါမှမဟုတ် ကာတွန်းကားလေးတွေနဲ့ ကိုယ့်ရဲ့အားလပ်ရက်တွေကို ရယ်မောပျော်ရွှင်ပြီးကုန်ဆုံးစေမလား …. သူငယ်ချင်းတို့ရဲ့စွန့်စားခန်းခရီးရှည်ကြီးကို ကိုယ်ကြိုက်သလို customize လုပ်လို့ရပါတယ်။

အခုကတည်းက သူငယ်ချင်းရဲ့ခရီးရှည်ကြီးကို ဘယ်လိုစတင်မယ်ဆိုတာ စဉ်းစားလိုက်ပါတော့။ VIU ရဲ့ Adventure Tour နဲ့အတူတူ ကိုယ်တို့ရဲ့ပျော်စရာသီတင်းကျွတ်လေးကို ခံစားမှုရသမျိုးစုံနဲ့အကောင်းဆုံးကုန်လွန်လိုက်ကြရအောင်လား …….

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။