အေးအေးဆေးဆေး ဂေါက်ကွင်းထဲဝင်လာတဲ့ မိကျောင်းခေါင်းတိုကြီးကို ထိတ်လန့်စွာတွေ့ရှိ (Video File)

အမေရိကန်ပြည်ထောင်စု၊ Florida ပြည်နယ်တစ်ခုမှာ Chubbs ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မိချောင်းခေါင်းတိုကြီး တစ်ကောင်ကို ပြန်လည်တွေ့ရှိရပြန်ပါတယ်။

ဒီမိချောင်းက တစ်ခါတလေမှာ တော်အတန်ကြာအောင် ပျောက်နေတတ်ပြီး တခါတလေမှာတော့ Buffalo Creek (ဘက်ဖ်လိုခရိခ်)ဆိုတဲ့ ဂေါက်ကွင်းထဲမှာ နေပူဆာလှုံလေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလဲ အခုလို ဂေါက်ကွင်းထဲမှာ နေပူဆာလှုံပြီး အေးအေးဆေးဆေး ထွက်ခွာသွားလို့ ရုပ်သံအစီအစဉ်တွေအထိမှာတောင် နာမည်ကျော်ကြားခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာလဲ သူရဲ့ ဘူမိနက်သန်ကို နောက်တစ်ခေါက် ပြန်လာခဲ့ပါသေးတယ်။


အခုလဲ ဒီမိကျောင်းကြီး Chubbs ကို တွေ့ရှိခဲ့တဲ့သူကတော့ Sage Stryczny (စတေ့စထွိုင်စနီ)ဆိုတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး “ ဒီကောင်ကြီးဟာ မြက်ခင်းပြင်ပေါ် ပေ (၅၀)လောက်အကွာအထိတက်လာတာတွေ့တယ် ” လို့ သူရဲ့ လူမှုကွန်ယက်ပေါ်သို့ Video ရိုက်ပြီး မျှဝေထားပါတယ်။ Sage Stryczny (စတေ့စထွိုင်စနီ)ဟာ အဲ့ဒီအချိန်တုန်းက သူ့အဖေနဲ့အတူရှိနေခဲ့ပြီး “ ကျွန်တော်တို့ ဂေါက်သီးပန်းဝင်ဖို့ (၃)မှတ်အလိုမှာ မြက်ခင်းပြင်မှာ သူလဲလျောင်းနေတာတွေ့လိုက်ရတာ ” ဆိုပြီး WFLA (အနောက်တိုင်းရေးရာအဖွဲ့အစည်း) ကိုပြောခဲ့ပါတယ်။


ချားစ်ဟမ်းဆိုတဲ့ လူတစ်ယောက်လည်း ၂၀၁၆ တုန်းက ဖလော်ရီဒါ၊ ပါမာတိုရဲ့ဂေါက်ကွင်းတစ်ခုမှာဂေါက်ရိုက်နေစဉ်အတွင်း ဂေါက်ကွင်းကိုဖြတ်သွားနေတဲ့ Chubbs ကို  ကြုံခဲ့ဖူးပါတယ်။

“ ဒိုင်နိုဆောနဲ့တူတဲ့ မိကျောင်းခေါင်းတိုကို ဓာတ်ပုံရိုက်ဖို့ လူတစ်ယောက်ရောက်လာတော့ သူ့အရွယ်အစားပိုကြီးလာသလိုပဲ။ သူအပြင်ထွက်လာတဲ့သင်းကို ကြားတဲ့လူတွေက သူ့ကိုကြည့်ရင်းဓာတ်ပုံရိုက်ချင်လို့လာကြရင် ဒီကိုလာတဲ့သူပိုများလာတယ် ” လို့ ဂေါက်ကွင်းမှာ အလုပ်လုပ်နေတဲ့ ဝင်ဒီစကော်ဖီးက ၂၀၁၆ ခုနှစ်မှာ News 3 ဂျာနယ်တိုက်ကို ပြောပြခဲ့ပါတယ်။ “ သူ့ကိုအန္တရာယ်မပြုတဲ့သူတွေကို သူကလည်းအန္တရာယ်မပြုပါဘူး။ ပြီးတော့သူက Manatee County ပိုင်ဆိုင်တဲ့ဂေါက်ကွင်းရဲ့ လာဘ်ကောင်လေးပါပဲ။ သူဒီမှာရှိနေတာ ဟိုးရှေးရှေးကတည်းကမု့ိလု့ိ မဆန်းတော့ပါဘူး ” လု့ိ စကော်ဖီးကပြောခဲ့ပါတယ်။


“ သူ့အရှည်က (၁၅)ပေ (၁၆)ပေ လောက်ရှည်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိခဲ့ပါတယ်။ သူရှိနေတယ်ဆိုတဲ့စကားကြောင့် ဒီနေရာက လာဆော့ဖို့ တကယ်ကောင်းတဲ့နေရာလို့ ပြောကြပေမဲ့လည်း ကျွန်မတို့ရဲ့ဝန်ဆောင်မှုတွေကလည်း တကယ်ကိုထိုက်တန်ပါတယ်” လို့ သူမကထပ်ပေါင်းပြောခဲ့ပါသေးတယ်။


မိကျောင်းခေါင်းတိုရဲ့ အရွယ်အစားခန့်မှန်းချက်တွေ တကယ်ပဲ အနီးစပ်ဆုံးမှန်ကန်ခဲ့ရင် သမိုင်းဝင်နိုင်မှာဖြစ်ပါတယ်။ ဖလော်ရီဒါရဲ့အကြီးဆုံးစာရင်းဝင် မိကျောင်းခေါင်းတိုဟာ (၁၄)ပေရှည်ပြီး ပေါင်ချိန် (၇၈၀)ရှိပါတယ်။

Video ကြည့်ရန် ........


Crd; DHN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။