မနက်စာ လုံးဝမစားတဲ့သူရဲ့ ဖြစ်ရပ် (သတိထားကြပါ)

တရုတ်နိုင်ငံ Hezhou မြို့က Guangji ဆေးရုံမှာ (၆)နာရီခွဲကြာ အောင်မြင်စွာခွဲစိတ်လိုက်ရတဲ့ (၄၅)နှစ် တရုတ်အမျိုးသမီးရဲ့ ဗိုက်ထဲမှာ ကျောက်တုံးပေါင်း ၂ဝဝကျော်ကို တွေ့ရှိခဲ့ရပါတယ်။


Daily Mail သတင်းအရ ဆေးရုံမှာ ခွဲစိတ်ခန်းဝင်ခဲ့ရတဲ့အမျိုးသမီးဟာ Ms. Chen လို့သာဖော်ပြထားပါတယ်။ သူမရဲ့ သည်းခြေအိတ်နဲ့ အသည်းကနေ ကြက်ဥအရွယ်ရှိ ကျောက်တုံးတွေကို ပုံမှာပြထားအတိုင်း တွေ့ရပါတယ်။


မနက်စာလုံးဝမစားတဲ့ လူတွေမှာ ပုံမှန်အားဖြင့်တော့ အဝလွန်သူတွေ၊ ဆီးချိုရောဂါရှိသူနဲ့ ကိုလက်စထရောလျော့နည်းနေတဲ့ လူတွေက ကျောက်တည်တာများပါတယ်။ အစားရှောင်ခြင်းနဲ့ ဟော်မုန်းဓာတ်များခြင်းကလည်း ဒီလို အခြေအနေမျိုးဖြစ်စေတယ်လို့ WebMD သတင်းအရသိရပါတယ်။


Chen ရဲ့ကျောက်တည်ရခြင်းအဓိကပြဿနာက မနက်စာမစားခြင်းကြောင့်လို့ ခွဲစိတ်ဆရာဝန် Dr. Quan Xuwei ကပြောပါတယ်။ သူ့ဆီရောက်လာတဲ့ လူနာတော်တော်များများက မနက်စာမစားလို့ ကျောက်တည်ကြတာဖြစ်ပြီး Ms. Chen ဆိုလည်း မနက်စာမစားတာ (၁ဝ)နှစ်ကျော်လောက်ရှိခဲ့လို့ဖြစ်ပါတယ်။ သူမက နေ့လည်စာကိုလည်း အချိန်မှန်မှန် မစားသောက်တာတွေကြောင့်လည်း ဖြစ်ပါတယ်။


Credit:

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။