ဆံပင်အတိုနဲ့ကောင်မလေးတွေကိုအထာကျပြီးလန်းတယ်လို့ဘာကြောင့်ထင်ရတာလဲ

  မိန်းကလေးတစ်ယောက်လှတယ်မလှဖူးဆိုတာကို ဘယ်လိုမျိုးသတ်မှတ်လို့ရပါသလဲ။ အလှအပဆိုတာကြည့်တဲ့သူရဲ့အမြင်ပေါ်မှာမူတည်ပါတယ်နော်။ဒီနေ့ခေတ်မှာတော့ ပုံစံမျိုးစုံနဲ့ခပ်လန်းလန်းကောင်မလေးတွေအများကြီးကိုတွေ့ကြမှာပါ။ 

    အဲ့ဒီအထဲမှာမှ ဆံပင်ဂုတ်ဝဲနဲ့ဒါမှမဟုတ်ရင်အဲ့ဒီထက်ပိုတိုတဲ့ဆံပင်စတိုင်နဲ့ကောင်မလေးတွေကိုတွေ့ဖူးပါလိမ့်မယ်။

 ဒီလိုကောင်မလေးတွေရဲ့စတိုင်က လွတ်လပ်ပေါ့ပါးပြီးအထာကျနေတတ်တယ်ဆိုတာကို သတိထားမိမှာပါ။ မိန်းမသားဆန်ဆန်နူးနူးညံ့ညံ့မရှိတာကြောင့် တစ်မျိုးတော့ဆန်းကောင်းဆန်းနေပါလိမ့်မယ်။လောကမှာ လူမျိုးစုံစရိုက်မျိုးစုံရှိတယ်မဟုတ်လား။မိန်းကလေးဖြစ်နေပေမဲ့ မိန်းမသားမဆန်တဲ့မိန်းကလေးတွေကတော့ အများကြီးပါပဲ။

       ဆံပင်အရှည်နဲ့ကောင်မလေးတွေဟာမဟာဆန်ပြီးသိမ်မွေ့လှပတယ်ဆိုရင် ဆံပင်အတိုနဲ့ကောင်မလေးတွေ ကတော့ကဗျာဆန်ပြီးတက်ကြွလန်းဆန်းနေတယ်လို့ဆိုရမှာပါ။သူတို့ဟာဆံပင်နဲ့ပက်သက်ပြီး အလုပ်ရှုပ်ရတာ ကိုမကြိုက်တဲ့သူတွေဖြစ်နေတတ်ပါတယ်။ဘာမှထူးထူးခြားခြားမပြင်ဆင်ရပဲရှင်းလင်းလွယ်ကူတဲ့ဆံပင်စတိုင်ဟာသူတို့အတွက်စိတ်ကျေနပ်စရာကောင်းနေတာပါ။ဒါပေမဲ့လည်းဒီစတိုင်ဟာသူတို့ကို ယုံကြည်မှုရှိစေတာပါပဲ။

      နောက်ပြီးတော့ ဆံပင်အတိုဖြစ်နေလို့ဆိုပြီး မလိုက်ဖက်တဲ့အဝတ်အစားမရှိပါဖူးနော်။သူတို့အတွက် မြန်မာ့ရိုးရာဝတ်စုံပဲဝတ်ဝတ် ခေတ်ဆန်ဆန်ပဲဆင်ဆင်အထာကျကျနဲ့လှနေနိုင်တဲ့သူတွေဖြစ်နေတာပါ။

ဆံပင်အတိုနဲ့ကောင်မလေးတွေရဲ့အားသာချက်က ဆံပင်နဲ့ပက်သက်ပြီးအချိန်တွေကုန်စရာမလို အလုပ်ရှုပ်စရာမလိုပဲ အချိန်ပြည့်လန်းနေနိုင်တာဖြစ်ပါတယ်နော်….။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။