Bella သီတင်းကျွတ် အလှမီးထွန်းပွဲတော် ဖွင့်ပွဲ အလှပုံရိပ်များ

Bella ရဲ့ (၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သီတင်းကျွတ်အလှမီးထွန်းပွဲတော် ဖွင့်ပွဲကို အောက်တိုဘာ ၂၀ ရက်နေ့က အင်းယားကန်ဘောင်မှာ ညနေ ၆ နာရီ ကနေ ည ၈  နာရီအထိ ပြုလုပ်ခဲ့ပါတယ်။

Bella သီတင်းကျွတ် မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၀ ရက် မှ နိုဝင်ဘာ ၂ ရက်နေ့အထိ ၁၄ ရက်အကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

အင်းယားကန်ဘောင်တစ်လျှောက် 

မီးပုံး အလုံး ၄၀၀၀ ၊ မီးသီး အလုံး ၄၀ဝဝ တို့ဖြင့် အလှဆင်ယင်ထားရှိပြီး အများပြည်သူအပန်းဖြေ အနားယူလမ်းလျှောက်ရင်း အလှဓာတ်ပုံလေးတွေကို အမှတ်တရရိုက်ကူးနိုင်ဖို့ ရည်ရွယ်ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ပျော်ရွှင်ကြည်နူးစရာ သီတင်းကျွတ်ချိန်ခါလေးမှာ ချစ်ခင်ရသူတွေနဲ့ အတူ အမှတ်တရဓာတ်ပုံလေးတွေရိုက်ကူးနိုင်ဖို့

Bella ရဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်လေးကို ပါဝင်ဆင်နွဲကြဖို့ ဖိတ်ခေါ်လိုက်တယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။