American Idol Season အသစ်မှာ ဒိုင်အဖြစ်ပါမည့် Katy Perry

American Idol က US မှာရှိတဲ့ အဆိုပြိုင်ပွဲတွေထဲက အအောင်မြင်ဆုံးပွဲတစ်ခုဆိုလည်း မမှားပါဘူး။ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ Kelly Clarkson, Carrie Underwood, Adam Lambert, Jordin Sparks, Chris Daughtry, Jennifer Hudson, Phillip Phillips, Fantasia အစရှိတဲ့ ကမ္ဘာကျော်အဆိုတော်တွေဟာ American Idol ကနေ ဆင်းသက်လာတာပဲဖြစ်ပါတယ်။


American Idol Season 15 ဟာ 2016 April 7 ရက်နေ့မှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့တဲ့နောက် 2017 ခုနှစ်တစ်နှစ်လုံး ရပ်နားထားမယ်လို့ သိရှိရပြီး 2018 ခုနှစ်မှာတော့ ပြန်လည်စတင်မှာဖြစ်တဲ့ American Idol ရဲ့ Season 16 ကို ဘယ်လိုပုံစံ ဘယ်လိုအသွင်မျိုးနဲ့ ပြန်မြင်ရမလဲဆိုတာ သေချာ မသိနိုင်သေးပါဘူး။


မေလ ၁၆ ရက်နေ့တုန်းက လာမယ့် Season အသစ်မှာ Katy Perry ဟာ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု American Idol ကနေ တရားဝင်ကြေညာခဲ့ပါတယ်။ ဒိုင်တွေ ပြောင်းလဲထားခြင်းရှိနေတဲ့အတွက်ကြောင့်မို့ အရင်ဒိုင်တွေ မဟုတ်တာလောက်တော့ သေချာနေပါပြီနော်။


KatyCats တွေအတွက် စိတ်လှုပ်ရှားတဲ့ အစီအစဉ်ကောင်းတစ်ခုဖြစ်သလို American Idol Season 16 ပြိုင်ပွဲကြီးအတွက်လည်း ဘယ်လိုပုံစံမျိုးနဲ့ပြန်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်…


Ref-MIML

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။