အမေရိကန်သမ္မတတွေ နေထိုင်ခဲ့တဲ့ အိမ်ဖြူတော်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်များ


လွန်ခဲ့တဲ့ နှစ် (၂၀၀)ကျော်လောက်က မီးလောင်မှုကြောင့်ပျက်စီးသွားခဲ့တဲ့ အမေရိကန်သမ္မတအဆက်ဆက်နေထိုင်ခဲ့တဲ့ အဆောက်အဦကို ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ပြီး ယခုအခါ လျှို့ဝှက်ချက်တွေ၊ လုံခြုံရေးတွေပြည့်နေတဲ့ အိမ်ဖြူတော် ပေါ်ပေါက်လာခဲ့တာပါ။ ဒါကြောင့် အိမ်ဖြူတော်ထဲက လျှို့ဝှက်ချက်အချို့ကို ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။


၁။ မြေအောက် ဥမင်လှိုဏ်ခေါင်းတွေ
အိမ်ဖြူတော်မှာ မြေအောက်လှိုဏ်ခေါင်း (၂)လွှာရှိတယ်လို့ဆိုကြပါတယ်။ အဲ့ဒီအလွှာတွေထဲမှာ ဘိုးလိန်းကစားရုံတစ်ခုပါဝင်ပြီး
သွားဆေးခန်းတစ်ခုလဲတည်ရှိပါတယ်။ ကောလဟာလတွေအရတော့ ဒီလှိုဏ်ခေါင်းတွေဟာ အခြားလျှို့ဝှက်နေရာတစ်ခုကို ဆက်သွယ်ထားတာလို့လဲ ဆိုကြပါတယ်။


၂။ အချက်ပေးစနစ်တွေ
Oval Office ဟာ အမေရိကန်သမ္မတအဆက်ဆက် ရုံးခန်းအဖြစ်အသုံးပြုခဲ့တာပါ။ အဲ့ဒီအခန်းရဲ့ လုံခြုံရေးကို အထူးလေ့ကျင့်ထားတဲ့ အစောင့်တွေထားရှိရုံမက သမ္မတကိုယ်တိုင်အချက်ပေးနိုင်တဲ့ စနစ်တွေကို ထိုအခန်းထဲက စားပွဲတဝိုက်မှာ အများအပြား တပ်ဆင်ထားပါတယ်။


၃။ လေရေ အရင်းအမြစ်
အိမ်ဖြူတော်ရဲ့ ရေအရင်းအမြစ်ဟာ အဆင့်ဆင့်သော Filters စနစ်တွေကို ဖြတ်သန်းလာတာကြောင့် အဆိပ်အတောက် လုံးဝကင်းစင်နေပါတယ်။ လေထုအနေနဲ့လည်း ပြင်ပလေထက် ဖိအားများအောင်ပြုလုပ်ထားပီး လေထုထဲမှာပါဝင်တဲ့ Chemical တွေကို ဖယ်ထုတ်ထားပြီးသားပါ။


၄။ အပူလှိုင်းဆိုင်ရာ အချက်ပေးစနစ်
အိမ်ဖြူတော်အတွင်း ခြံကျော်ဝင်သူတွေကို သင်တော်တော်များများကြားဖူးမှာပါ။ ဒီလို ကျူးကျော်ဝင်ရောက်သူတွေအတွက် လုံခြုံရေးတွေ အထူးလေ့ကျင့်ပေးထားတဲ့ ခွေးတွေထားရှိသော်လည်း လစ်ဟာမှုမရှိစေရန် တံခါးတွေမှာ အပူလှိုင်းဆိုင်ရာ အချက်ပေးစနစ်တွေပါတပ်ဆင်ထားပါတယ်။


၅။ လျှို့ဝှက်တံခါး
လျှို့ဝှက်တံခါးလို့ဆိုတာနဲ့ သမ္မတစားပွဲအောက်က အကန့်လေးကို သွားမြင်မိမှာပါ။ တကယ်တော့ Oval Office ထဲမှာ အခြားတံခါးတစ်ခုရှိပါသေးတယ်။ ဒီတံခါးဟာ မြေအောက်လှိုဏ်ခေါင်းအထိပေါက်ပါတယ်။


၆။ အမိုးပေါ်က အဆင့်မြင့်လုံခြုံရေးတွေ
အိမ်ဖြူတော်အမိုးပေါ်မှာ တွေ့ကြုံလာနိုင်တဲ့ လေကြောင်းရန်တွေအတွက် အသေအချာပြင်ဆင်ထားပီး လေကြောင်းရန် ကာကွယ်ရေးတွေ ရေဒါစနစ်တွေအပြည့်ပါရှိပါတယ်။ ဒါ့အပြင် အဲ့ဒီနေရာက မောင်းသူမဲ့လေယာဉ်မပျံသန်းရဇုန်ပါ။

၇။ Wine celler
ဒီဝိုင်ဘားနဲ့ ပတ်သက်ပြီး ကောလဟာလအမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။ အချို့ကမြေအောက်လှိုဏ်ခေါင်းတွေထဲမှာ ဝိုင်ဘားတစ်ခု ရှိတယ်လို့ပြောကြပြီး တချို့ကတော့ Wine Celler ဆိုတာ သီးသန့်သေတ္ထာတစ်ခုပါလို့ဆိုပါတယ်။

၈။ ဖိအားခြေရာခံစနစ်
Oval Office အတွင်းက ဖိအားခြေရာခံစနစ်တွေဟာ ရုံးခန်းအတွင်း လူဘယ်နှစ်ဦးရှိနေတယ်ဆိုတာကအစ ခြေရာခံနိုင်အောင် တီထွင်ထားပါတယ်။



နောက်ဆုံးတစ်ခုကတော့ သမ္မတတွေအတွက်တော်တော်လေးအဆင်မပြေပါဘူး။ အဆင့်မြင့်လုံခြုံရေးစောင့်ကြည့်မှုပါ။ ဒီအရာတွေက သမ္မတနဲ့ First Lady တို့ရဲ့ သီးသန့်အချိန်လေးတွေကိုပါ မှတ်တမ်းတင်နေလို့ပါ။


Crd; DHN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။