ရုပ်ရည်ချောမောလှပရမယ့်အပြင် အပျိုစစ် မစစ်ပါ စစ်ဆေးခံရတဲ့ အင်ဒိုနီးရှား ရဲမေလောင်းများ

နိုင်ငံတိုင်းမှာ ရဲမေလောင်းတွေများစွာရှိပေမယ့် ထူးထူးခြားခြားလို့ပြောဆိုရမယ့် အင်ဒိုနီးရှားနိုင်ငံမှာတော့ ရဲမေဖြစ်ချင်ရင် ရုပ်ရည်ချောမောလှပဖို့ လိုအပ်သလို အပျိုစစ် မစစ်လည်း စစ်ဆေးခံနိုင်ရပါတယ်။ အခုလို အပျိုစစ် မစစ်စစ်ဆေးခြင်းက အင်ဒိုနိုင်ငံရဲ့ တရားဝင်ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ခုမဟုတ်သော်လည်း ရဲမေလောင်းတွေရဲ့ စာရိတ္တနဲ့ ကိုယ်ကာယစစ်ဆေးခြင်းဆိုတဲ့ သတ်မှတ်ချက်အရ ဟိုးအရင်ထဲက ယနေ့အချိန်ထိ အခုလို စစ်ဆေးခံနေရဆဲပါ။


အင်ဒိုနိုင်ငံရဲ့ ရဲတပ်ဖွဲ့ (သို့) စစ်တပ်အတွင်း ဝင်ရောက်လိုတဲ့ အမျိုးသမီးတွေက အမျိုးမျိုးစမ်းသပ်ခံရရုံသာမက ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးပါ ဒေါင်ဒေါင်မြည်နေရမှာဖြစ်တဲ့အပြင် ဘာသာရေးခံယူချက်လည်း ပြင်းထန်ဖို့ လိုအပ်ပါတယ်။


စစ်ဆေးခံရတဲ့ နည်းတွေထဲမှ အဝေဖန်ခံရဆုံး လုပ်ရပ်ကတော့ ရဲမေလောင်းတို့ရဲ့ အင်္ဂါထဲကို လက်နှစ်ချောင်းထိုးထည့်ပြီး အပျိုမြှေး အကောင်းပကတိအတိုင်း ရှိ/မရှိကို  စမ်းသပ်ခြင်းဖြစ်ပြီး ဒီစမ်းသပ်ချက်ကို အလွန်တရာ ဝေဖန်ခံနေရပါတယ်။


ဒီလိုစမ်းသပ်ခြင်းက ရဲမေလောင်းတို့ရဲ့ အပျိုစင်ဘဝက စိတ်ဆန္ဒကိုအလိုလိုက်ခဲ့သူများ (သို့) လိင်လုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးသူများကို လူမှုအသိုင်းအဝိုင်းက ရဲမေအဖြစ် လက်ခံမည်မဟုတ်ဟု ရဲတပ်ဖွဲ့က အခိုင်အမာယူဆသဖြင့် ဒီလိုလုပ်ရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။


ဝေဖန်သူတွေကတော့ ဒီနည်းလမ်းက အမျိုးသမီးတစ်ဦးရဲ့ အပျိုစင် စစ်/မစစ်ကိုလည်း အတိအကျ မသိနိုင်ပါဘူးလို့ ထောက်ပြကြပါတယ်။  ဒီလုပ်ရပ်ကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက ဆက်တိုက်ဖိအားပေးသဖြင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဒီစမ်းသပ်မှုကို တရားဝင်ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ဒီနည်းလမ်းကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။


 Ref;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။