ခွေးရူးပြန်သူကို ဆေးရုံသို့လိုက်ပို့တဲ့ သတင်းအပြည့်အစုံ


အောက်တိုဘာ (၂၈)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ခွေးရူးပြန်နေတယ် ယူဆလို့ရတဲ့ လူတစ်ယောက်ကို ရပ်ကွက်နေပြည်သူများနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပိုက်ကွန်နဲ့ ဝိုင်းဝန်းဖမ်းဆီးပြီး ဆေးရုံကို ပို့ဆောင်လိုက်ရတဲ့ Video ဖိုင်က အခုချိန်မှာ အရမ်းကို ဟော့နေပါတယ်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ(၂၈)ရက်နေ့ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ (၆)လမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုတော့ အဲ့ဒီအမျိုးသားကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပါတယ်။ ဆေးရုံမှ တာဝန်ကျဆရာဝန်တွေက ဒီအမျိုးသားမှာ ခွေးရူးပြန်ရောဂါဖြစ်နေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။


 “ အဲ့ဒီအမျိုးသားက အရင်တုန်းက ခြေထောက်မှာ ခွေးကိုက်ခံရဖူးတယ်လို့ပြောပါတယ်။ သူ့ကို ဖမ်းပြီးဆေးရုံပို့တော့ ကားပေါ်မှာလည်း အူတယ်။ လိုက်ကိုက်တယ်။ လူတွေကို ကိုက်လို့မရတော့ ပိုက်ကွန်ကို ကိုက်တယ်။ သားရေတွေကျတယ်။ အဲဒီလိုမျိုးထိတောင်ဖြစ်တယ်။ ကျွန်မတို့လည်း  နယ်ထိန်းနဲ့ အုပ်ချုပ်ရေးမှူးကို လှမ်းပြီး အကြောင်းကြားခဲ့ပါတယ် ”  လို့ လိုက်လံကူညီတဲ့ အမျိုးသမီးတစ်ဦးမှ ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။


အောက်တိုဘာ (၂၈)ရက် ည (၉)နာရီခွဲလောက်က  မော်လမြိုင်မြို့၊ သီရိမြိုင် (၆)လမ်းမှာ အမျိုးသားတစ်ဦး ခွေးရူးပြန်နေတာကို ကူညီပေးဖို့ ဖုန်းဆက်အကူအညီတောင်းခံလို့သွားရောက်ရာ အဲ့ဒီ အမျိုးသားမှာ အကျီချွတ်နဲ့ ခွေးတစ်ကောင်လို ပြုမူနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။


ခွေးရူးပြန်ရောဂါသည် အမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးပြီး ဆေးရုံပို့ခဲ့ကြတဲ့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ (၃)ဦး၊  ဘိုဘိုဝင်းအဖွဲ့မှ (၃)ဦးနဲ့ ရပ်ကွက်သား (၃)ဦးတို့ကို တာဝန်ကျဆရာဝန်က ခွေးရူးပြန်ရောဂါကာကွယ်ဆေးတွေ ထိုးပေးခဲ့ရတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ လူနာရဲ့ အခြေအနေကို မသိရသေးပါဘူး။

Video မကြည့်ရသေးသူများအတွက် FB Link >>>  https://www.facebook.com/ApannPyayMovies/videos/263865950849085/

Crd; Duwun

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။