ကားအက်စီးဒင့်ဖြစ်ခဲ့ပေမယ့် လက်ရှိမှာစိုးရိမ်စရာမရှိတော့တဲ့ ဆရာချစ်ဦးညို

စာပေလောကမှာရော၊ အပြင်မှာပါ အားလုံးလေးစားကြတဲ့ ဆရာတစ်ဆူဖြစ်သူ ဆရာချစ်ဦးညိုဟာ  ညောင်ဦးကဟောပြောပွဲတစ်ခုကိုအသွားမှာ ကားအက်စီးဒင့်တစ်ခုဖြစ်ခဲ့ပါတယ်။

ညောင်ဦးကိုသွားဖို့လေဆိပ်အသွားမှာ မျက်နှာချင်းဆိုင်ကလာတဲ့ ကားက ဆရာ့ရဲ့ကားကိုဝင်တိုက်မိတာပါ။ တိုက်မိတဲ့အရှိန်ကလည်းပြင်းပါတယ်။ တစ်ဖက်ကားက တက်စီဖြစ်ပြီး တက်စီပေါ်က ခရီးသည်လည်း ထိခိုက်ဒဏ်ရာရပါတယ်။ ဆရာချစ်ဦးညိုက ကားနောက်ခန်းကထိုင်စီးတာဖြစ်ပြီး ဆရာ့ရဲ့ကားက ဝယ်ထားတာသိပ်မကြာသေးသလို အာမခံလည်းထားရှိတယ်လို့သိရပါတယ်။

ဆေးရုံတင်ပို့ပြီး ဆေးရုံမှာ အခန်းမလွတ်တဲ့အတွက်မွေးလူနာအခန်းမှာထားရတယ်လို့သိရပါတယ်။ ဆရာ့အနေနဲ့ ဟောပြောပွဲတွေရုတ်တရက်ဖျက်လိုက်ရလို့အတော်လေးစိတ်မကောင်းဖြစ်နေတယ်လို့လည်းသိရပါတယ်။
လက်ရှိ ဆရာ့အခြေအနေက စိုးရိမ်စရာမရှိတော့ပေမယ့် ဆေးရုံမှာဆက်ပြီးကုသရဦးမယ်လို့သိရပါတယ်။ ညောင်ဦးပွဲတွေကိုဖျက်လိုက်ရပေမယ့် မန္တလေးက လင်္ကာဒီပပွဲကိုတော့သွားဖို့အားခဲနေသေးတယ်လို့ဆိုပါတယ်။ ဟောပြောပွဲတွေကတော့ လာမယ့်ဒီဇင်ဘာပြန်စပါမယ်။ ဆရာ့သတင်းကြားပြီး စိတ်ပူနေ၊ စိတ်မကောင်းဖြစ်နေတဲ့သူတွေစိတ်အေးနိုင်ဖို့ တင်ပြပေးလိုက်ရပါတယ်။

Gabriel
Ref : Myat Khine





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။