စုံတွဲပုံတစ်ပုံကြောင့် ချစ်သူနဲ့ ပြတ်သွားရတဲ့ အကြည်တော်

ကျနော်တို့ ငယ်ငယ်လေးထဲက အရမ်းကို ကြိုက်ခဲ့ရတဲ့ ဟာသဝတ္တုစာရေးဆရာ အကြည်တော်ဟာ ဂေါ်မစွံလူပျိုကြီးဖြစ် လူသိများတဲ့အပြင် စာဖတ်ပရိတ်သတ်များစွာ အားပေးမှုရရှိနေတဲ့ အောင်မြင်တဲ့ စာရေးဆရာတစ်ဦးပါ။ လူမှုကွန်ယက်တွေပေါ်မှာ စာရေးဆရာ အကြည်တော်နဲ့ စာရေးဆရာမ ဂျူးဟာ အပြိုင်အဆိုင် ရင်တွင်းဖြစ်တွေ ရေးတတ်သလို သူတို့ (၂)ဦးရေးသမျှ စာတိုလေးတွေက လူကြိုက်များပြီး ပရိတ်သတ်တွေရဲ့ ရင်ကို ထိမှတ်စေတဲ့ သူတွေပါ။


ယောင်္ကျားထုကြီးအတွက် FA ဂိုဏ်းချုပ်အဖြစ် နာမည်ကျော်ကြားနေတဲ့ လူပျိုကြီး အကြည်တော်ဟာ မကြာသေးခင်မှ တွေ့မြင်သူ အားကျလောက်အောင် လက်လေးချိတ်ထားတဲ့ RS ပုံကြောင့် ပရိတ်သတ်တွေအကြား လှုပ်ခတ်ခဲ့ပါတယ်။ Theingi Hlaing ဆိုတဲ့ Account က လက်ချင်းချိတ်ပြီး “ ဒီလို လိုက်ဖက်တဲ့ဘဝ ” ဆိုတဲ့ Caption နဲ့ သူမရဲ့ လူမှုကွန်ယက်မှာ တင်ခဲ့တာကြောင့် ဂေါ်မစွံလူပျိုကြီး (သို့) FA ဂိုဏ်းချုပ်ကြီး စွံသွားသလိုဖြစ်ပြီး မြန်မာတပြည်လုံးက FA အပေါင်းသူတော်ကောင်းတို့ မှင်သက်သွားခဲ့ရပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြည်တော်က “ ပြီးခဲ့တဲ့ (၁)လလောက်က ထင်ပါတယ်။ ကျနော်ပွဲတစ်ခု တက်တော့ ကျနော်နဲ့ ဓာတ်ပုံရိုက်တဲ့လူတွေက အများကြီးရှိတယ်။ ကျနော်နဲ့ တွဲပြီး ဓာတ်ပုံရိုက်တဲ့ လူတွေအများကြီးထဲကမှ သူ့ဓာတ်ပုံကို Troller  တစ်ယောက်က ပြန ်Troll  လိုက်တာ ကျနော်က သူမကို သိလည်းမသိဘူး။ တစ်ခါတော့ တွေ့ဖူးတယ် ထင်တယ်။ ဓာတ်ပုံတက်လာတော့ ကျနော် သူ့ကို Friend သွား ပြန် Add လိုက်တယ် ” လို့ ပြောခဲ့ပါတယ်။


“ ကျနော့်အနေနဲ့ ဒီလိုမျိုး အထင်မှားတယ်ဆိုတော့ ဝမ်းသာတာပေါ့နော်။ ကြားရတာလည်း ဝမ်းသာတယ်။ သူမကိုတော့ သွားပြောလိုက်တယ်။ ငါ့ကို ဒီလိုတော့ လုပ်နေကြပြီးဆိုတော့ ဆရာတဲ့ ကျမလည်း ဝမ်းသာတယ်တဲ့။ အေး ငါလည်း ဝမ်းသာတယ်လို့ .. အထင်ခံရလည်း နည်းလားဆိုပြီး ” ဟာသနှောကာ ပြောသွားခဲ့ပါတယ်။


လက်ရှိ ရည်းစားနဲ့ ပြတ်သွားကြောင်းလိုလဲ “ ရည်းစားကတော့ မရှိဘူးမဟုတ်ဘူး ရှိတာပေါ့နော်။ ကျနော် လိမ်ပြောတတ်တဲ့ အကျင့်တော့ မရှိပါဘူး။ အခုလိုမြင်တော့ သူလည်း ကျနော့်ကို တော်တော်စိတ်မကောင်းဖြစ်သွားမှာပဲ။ ရည်းစားကလည်း အဲ့လိုမျိုး ဖြတ်သွားတာပေါ့နော်။ ဖြတ်သွားတယ်ဆိုတာကလည်း ကိုယ့်ဘက်ကသာ ဖိတ်စာရိုက်ထားတာလေ သူ့ဘက်က ရဲစခန်းတိုင်ထားတဲ့သူ ဖြစ်ချင်ဖြစ်နေမှာပဲ။ ဒီပုံတွေတက်လာတော့ ရည်းစားက ဖြတ်သွားပါတယ် ” လို့ ပြောခဲ့ပါတယ်။


ဂိုဏ်းချုပ်ကြီးလို့ ခေါ်ခံရတာကို စာရေးဆရာ အကြည်တော်ဟာ အခုမှသိရပြီး အရမ်းကို အံသြနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အနောက်မှာ သူ့ကိုအားပေးတဲ့ ချစ်တဲ့ ပရိတ်သတ်တွေ အများကြီးရှိလို့ပါဆိုပြီးတော့လဲ ပြောခဲ့ပါသေးတယ်။ သတင်းအမှားတစ်ခုက အမှန်ဖြစ်သွားလို့ စာဖတ်သူတွေလဲ ကျေနပ်နိုင်မှာပါ။


Crd;


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။